𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 10

200 38 4
                                    

Unicode

အေးဆေးပေမယ့် ဖော်ရွေတဲ့ အပြောအဆို..
တိတ်ဆိတ်ပေမယ့် နွေးထွေးတဲ့ ရပ်ဝန်းတစ်ခု...

လက်သွယ်သွယ်တွေနဲ့ ဖြူနုနုလက်ဖျားတွေရဲ့ အထိအတွေ့ ..
ရင်းနှီးမှုကနေ တဖြည်းဖြည်း ငြိတွယ်လာတဲ့ သံယောဇဉ်...

ဒီလိုသေးငယ်တဲ့ အရာလေးတွေက အစပြုလို့
သူ့ရင်ခွင်ထဲ တံခါးမခေါက်ပဲ ဝင်ရောက်လာတဲ့
သူ့ရဲ့အိပ်မက်ပိုင်ရှင်လေး..။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

Young Adultတွေအတွက် အဓိကထား ပြင်ဆင်ထားတဲ့
Modern Themeအပြည့်နဲ့  Fashion Stage.
ပွဲကျင်းပရာ ခန်းမထဲ ခြေချင်းလိမ်ကာ အလုပ်များနေကြတဲ့
Staffအများအပြား။

ထိုများပြားလှတဲ့ လူအများကြား သိသာစွာ ထင်းထွက်နေတဲ့
Jeon Jiminဆိုတဲ့ အမျိုးသားလေးဟာ Vanteရဲ့
တစ်ဦးတည်းသော မြတ်နိုးရာလေး။

Stageရဲ့ အနေအထားနဲ့ ဘယ်လို angleမျိုး လိုချင်ကြောင်း
Staffတွေကို သေချာပြောပြနေတဲ့ ထိုအမျိုးသားလေးရဲ့
ပုံပန်းသဏ္ဍာန်က အရမ်း Smartဖြစ်လွန်းတယ်။

''Hey.. Vante..
Entranceကြီးမှာ ရပ်ပြီး ဘာလုပ်နေတာလဲ
အထဲဝင်ခဲ့လေ''

သူ့အမျိုးသားလေးရဲ့ ဘေးမှာရပ်နေတဲ့ သူငယ်ချင်းမ Ellaက
လက်ပြလို့ လှမ်းခေါ်ကာမှ Entranceမှာ ရပ်နေမိရာကနေ
ခန်းမထဲကို သူ ဝင်လာခဲ့လိုက်တယ်။

Ellaနံဘေးမှာ သူဝင်ရပ်လိုက်တယ်ဆိုရင်ပဲ သူ့ကို
စူးစမ်းကြည့်လာတဲ့ အကြည့်တွေက အများအပြား။
ထိုအထဲမှာ သူ့အမျိုးသားလေးလည်း ပါဝင်နေတယ်။

''သူက Ellaတို့ Fashion Magazineမှာထည့်မယ့်
ဒီFashion Showရဲ့ ဓာတ်ပုံတွေကို တာဝန်ယူပြီး
ရိုက်ပေးမယ့်သူလေ

Vanteတဲ့
'Vante' Painting & Photography Clubရဲ့ Owner
Vante ဒီဖက်က Jeon Jimin
ဒီFashion Showရဲ့ အဓိက တာဝန်ရှိသူ''

Ellaရဲ့ မိတ်ဆက်ပေးမှုနဲ့အတူ ပထမဆုံး ဆုံတွေ့မိကြတဲ့
မျက်ဝန်းတွေ။

''တွေ့ရတာ ဝမ်းသာပါတယ် Jeon Jimin''

''Jiminလို့ပဲ ရင်းရင်းနှီးနှီး ခေါ်နိုင်ပါတယ် Vante
Fashion Showအတွက်လည်း သေချာ အကူအညီ
တောင်းပါတယ်''

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now