𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 12

195 36 5
                                    

Unicode

အချစ်တဲ့..။
စကားလုံး‌တွေ၊ ဝေါဟာရတွေ သိပ်အများကြီး မပါဝင်တဲ့
စကား‌စုလေး တစ်ခုပါပဲ...။

ဒါပေမယ့် အချစ်ဆိုတဲ့ အဲ့ဒီစကားစုလေးရဲ့
အဓိပ္ပာယ်တွေကတော့ များပြားလွန်းတယ်..။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

နေရောင်ခြည် ခပ်နွေးနွေးက ဟိုဒီဖြန့်ကျက်နေပေမယ့်
ဆောင်းဦးနှောင်းပိုင်းရဲ့ နံနက်ခင်းတွေက သိသာစွာပဲ
အေးစက်နေတယ်။

Jeonအိမ်တော်ရဲ့ ဧည့်ခန်းအတွင်းမှာလည်း
ဆောင်းရဲ့ အအေးဓာတ်တို့နဲ့အပြိုင် အေးစက်မှုတို့
လွှမ်းခြုံထားတယ်။

Jeonသခင်ကြီးတို့ ဇနီးမောင်နှံနဲ့အတူ သခင်လေးသုံး‌ယောက်ပါ ဧည့်ခန်းထဲမှာ အတူရှိနေကြပြီး သခင်ကြီးရဲ့မျက်နှာထားက
တင်းမာနေတယ်။

အားလုံးရှေ့က စားပွဲပေါ်မှာ သခင်လေးတွေနဲ့
တခြားအမျိုးသားငယ်လေးတွေရဲ့ စုံတွဲပုံတွေက ဖြန့်ကျဲလျက်
ရှိနေပြီး သခင်မကြီးကတော့ ထိုဓာတ်ပုံတွေကို တစ်လှည့်
သခင်လေးတွေကို တစ်လှည့် သခင်ကြီးကိုတစ်လှည့်ကြည့်ရင်း
မျက်နှာမသာမယာဖြစ်လို့နေတယ်။

''ဒီကိစ္စတွေကို ဘယ်သူ အရင် ရှင်းပြမလဲ!''

သခင်လေးသုံးယောက်ဆီက ဘာဖြေရှင်းချက်၊
ဘယ်လိုတုံ့ပြန်မှုမှ မရတာကြောင့် Jeonသခင်ကြီးရဲ့
မျက်နှာထားက ပိုပြီး တင်းမာသွားတယ်။

''မေးနေတယ်လေ!!''

''ကလေးတွေကို အေးအေးဆေးဆေး ပြောမှပေါ့''

ထပ်မံထွက်‌ပေါ်လာတဲ့ သခင်ကြီးရဲ့ အသံကျယ်ကျယ်ကြောင့်
လန့်သွားပုံရတဲ့ သခင်မကြီးက သခင်ကြီးကို
မျက်စောင်းလေးဝင့်ကြည့်ရင်း ပြောလာတယ်။

ထို့နောက် သခင်လေးတွေကို ဝေ့ဝဲကြည့်ကာ

''သားကြီးက စပြီး မားမားတို့ကို ပြောပြပေးမလား''

''သူက Jeon Groupက ဝန်ထမ်းပါ
ကျွန်တော့်လက်အောက်က Marketingဌာနမှာ
အလုပ်ဝင်နေတာ သိပ်တော့ မကြာသေးဘူး
နာမည်က Kim Taehyungတဲ့''

သခင်‌လေး Hoseokရဲ့ ပြောပြချက်ကို သခင်မကြီးက
ခေါင်းတငြိမ့်ငြိမ့်နဲ့ တုံ့ပြန်တယ်။
သခင်ကြီးရဲ့ တင်းမာနေတဲ့ မျက်နှာထားကလည်း အနည်းငယ်
လျော့ကျသွားတယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Onde histórias criam vida. Descubra agora