𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 4

216 41 4
                                    

Unicode

ပန်းလေးတွေကို နူးညံ့စွာ ထိတွေ့နေတဲ့ ဖြူလွှလွှ
လက်သွယ်သွယ်လေးတွေက လှပလွန်းတယ်။

အဲ့ဒီလက်သွယ်သွယ်‌လေးတွေရဲ့အနုပညာဆန်ဆန်
လှုပ်ရှားမှုတွေကို ရင်းနှီးနေသလိုမျိုး သူ ခံစားရတယ်။

တကယ်ပဲ...။
မင်းက ဘယ်သူများလဲ...။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

''Taehyungရေ MDက မင်းကို ခေါ်နေတယ်''

''ဗျာ''

ရုံးကို ရောက်ရောက်ချင်း ကြားလိုက်ရတဲ့ ဌာနမှူးရဲ့
စကားကြောင့် Taehyungတစ်ယောက် 'ဗျာ'ခနဲ
အသံပြုလိုက်ရင်း မျက်နှာလေး မဲ့ကျသွားရတယ်။

''ဗျာမနေနဲ့ မြန်မြန်သွားလေ
MDက ခဏခဏ ခေါ်တွေ့နေတယ်ဆိုတော့
မင်း ကံကောင်းတာပဲ''

အားမလို အားမရဟန်နဲ့ ပြောလာတဲ့ ဌာနမှူးရဲ့စကားကို
သူ့စိတ်ထဲကနေ အော်ဟစ်ပြီး တုံ့ပြန်ချင်မိတော့တာပဲ။
'အဲ့ဒါ ကံကောင်းတာမဟုတ်ဘူး''ဆိုပြီးတော့။

Taehyungဆိုတဲ့ သူက Jeon Groupရဲ့ Marketingဌာနမှာ
အလုပ်ဝင်နေတဲ့ သာမန်ဝန်ထမ်းလေး။

သူ့လိုမျိုး သာမန်ဝန်ထမ်းလေးတစ်ယောက်အနေနဲ့
ဌာနက MDရဲ့ သီးသန့်ခေါ်တွေ့ခြင်းကို ခံရတာက
ဌာနမှူးပြောသလိုပဲ ကံကောင်းတာ။

ဒါပေမယ့် အဲ့ဒီ ကံကောင်းမှုက တခြားသူဆိုရင်တော့
အမှန်တကယ် ကံကောင်းတာ ဟုတ်နိုင်ပေမယ့်
သူ့အတွက်တော့ ကံကောင်းတယ်လို့ ထင်မြင်ရတဲ့
ကံဆိုးမှုတစ်မျိုးပဲ။

ဘာကြောင့်လဲဆိုတော့
သူနဲ့ MDကြားမှာ Shockအကြီးကြီးတစ်ခုရှိတယ်။

အဲ့ဒီ Shockအကြီးကြီးဆိုတာက လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က
အစပြုခဲ့တယ်။

အဲ့ဒီနေ့က Jeon Groupမှာ Taehyung အလုပ်စဝင်တဲ့နေ့။
အလုပ်ရတဲ့ အထိမ်းအမှတ်နဲ့ Seokjin Hyungတို့ကို
Barတစ်ခုမှာ လိုက်treatခဲ့တယ်။
Yoongiကတော့ အလုပ်ကြောင့်မလိုက်ဖြစ်ခဲ့ဘူး။

Barရောက်ပြီး အစပိုင်းမှာတော့ Seokjin Hyung, Namjoonနဲ့ သူတို့သုံးယောက် အတူတူ
အသောက်နည်းနည်း အစားများများနဲ့
အဆင်ပြေနေသေးတယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now