ʕ⁠っ⁠•⁠ᴥ⁠•⁠ʔ⁠っ

130 25 2
                                    

안녕하세요
Min's Jeonပြန်လာပြန်ပါပြီ

ဆိုတော့.....
နည်းနည်းလောက် စကားများမယ်ပေါ့နော်။

တကယ်တော့လေ 𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈နဲ့ 𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 နှစ်ပုဒ်ကို ‌ဟောဒီက Min's Jeonက
လက်တန်းရေးနေရတာ သိလား။

𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈ကို စရေးမိတာက
နန်းတွင်း Dramaတွေ အကြည့်များပြီး ရေးဖြစ်တာ။

နူးညံ့ပေမယ့် လျှို့ဝှက်သယောင်ရှိတဲ့ သခင်လေးရယ်။
တိကျပြတ်သားတတ်တဲ့ အရှင်ရယ်။
အတွေးထဲမှာတင်တောင် သိပ်လိုက်ဖက်လွန်းတဲ့ ပုံစံမျိုး။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡ကိုကျ ပန်းတွေအကြောင်း လိုက်ရှာရင်း
ရေးဖြစ်သွားတာ။

𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈မှာ မဲ့ဟွားပန်းကို
ထည့်ရေးဖို့အတွက် ပန်းအကြောင်း လိုက်ရှာရင်း
𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡ပန်းအကြောင်း တွေ့မိလိုက်တော့
'ဒီနာမည်လေးနဲ့ Ficတစ်ပုဒ်လောက် ရေးချင်လိုက်တာ'
ဆ်ုတဲ့စိတ်ကြောင့် ညတွင်းချင်းကို ရေးမိတော့တာပဲ။

နှစ်ပုဒ်လုံးမှာ ခံစားရတဲ့vibeက တူသယောင်ရှိတယ်။
ဒါပေမယ့် Min's Jeonက ကွဲပြားအောင် ရေးချင်တယ်။

𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈က နောက်ပိုင်းမှာ
ရှုပ်လာမယ့်ကိစ္စတွေ အများကြီး။

မိဖုရားနေရာမှာအစားဝင်တဲ့ သခင်လေးကို အရှင်သာ
သိသွားရင် ဘယ်လိုဆက်ဖြစ်မှာလဲ။
မေ့မြောနေတဲ့ မိဖုရားလောင်းကရော ဘယ်လိုမျိုးလဲ။
ဒါမျိုးတွေပေါ့။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡ကတော့ ဒီတိုင်း အခါးသိပ်မပါပဲ
အချိုတွေချည်း ရေးချင်တာ။
ကိုယ်လည်း အဲ့လိုအချိုကိုပဲ ကြိုက်တာဆိုတော့လေ။

ပြီးတော့ updateအကြောင်း။

စရေးတုန်းကတော့ တစ်ပတ်ကို နှစ်ပုဒ်လုံး တစ်ပိုင်းစီ
Upမယ်ပေါ့။
အဲ့တုန်းကတော့ စာရေးဖို့ ideaတွေ အများကြီး
ရှိတာကိုး။

ဒါပေမယ့်လေ ခုနောက်ပိုင်းရောက်တော့
စာရေးမယ်လို့ စဉ်းစားလိုက်ရင်ကို ခေါင်းထဲက
ဘာမှကိုထွက်မလာတော့တာ။
ကြာလေ ချာလေပေါ့ʕ⁠´⁠•⁠ ⁠ᴥ⁠•̥⁠'⁠ʔ

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Opowieści tętniące życiem. Odkryj je teraz