𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 14

181 28 1
                                    

Unicode

အထင်လွဲမှုကို ဖြေရှင်းနိုင်တဲ့အခါ..
စိတ်နာခြင်းဟာ ပြေပျောက်သွားလေမလား။

တစ်ယောက်သောသူကရော
သူ့အပေါ် ခွင့်လွှတ်နိုင်လေမလား..။

အကျိုးဆက်က ဘာပဲဖြစ်ပါစေ..
တစ်ခါလောက် စွန့်စားကြည့်သင့်သလား။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

Theodore Scottတဲ့။
အနေအေးဆေးပေမယ့် ရည်မွန်တဲ့ ကောင်လေးတစ်ယောက်ပဲ။

ပန်းနုရောင်သန်းပြီး ကြည်လင်နေတဲ့ အသားအရေ၊
ချောမောတာထက်ပိုပြီး လှပလွန်းတဲ့ မျက်နှာလေးအပြင်
မီးခိုးဖျော့ရောင် ယှက်ဖြာနေတဲ့ မျက်ဝန်းတွေ၊
ပခုံးအထက်နားလေးထိရှိတဲ့ ငွေမှင်ရောင်ဆံနွယ်တွေနဲ့
Theodoreက..

Seoulတက္ကသိုလ်မှာရှိရှိသမျှ
ယောက်ျားပျို၊ မိန်းမပျိုတိုင်း ခူးဆွတ်ချင်ကြတဲ့
နှင်းဆီခိုင်လေးဖြစ်တယ်။

ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့်..
ဒီလိုမျိုး လူတိုင်းက သဘောကျကြတဲ့ Theoဆီမှာ
Alexတစ်ယောက် စာသင်ရဖို့ဖြစ်လာရတယ်။

သူတို့နှစ်ယောက် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တုန်းက..
‌ငွေမှင်ရောင်ဆံနွယ်နေတဲ့ လှပနုနယ်လွန်းတဲ့ Theoကို
သူ့ထက် အသက်ငယ်တဲ့ကောင်လေးလို့ Alex ထင်ထားခဲ့တာ။

သူ့အထင်က လွဲမှားခဲ့တယ်။
Theoက သူ့ထက် အသက်2နှစ်ကြီးတဲ့
တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး
သူ့ကို စာသင်ပေးမယ့်သူပါတဲ့။
.
.
.

Theoကို သူ သဘောကျတယ်။

ဒါက Theoနဲ့တွေ့ပြီး လအနည်းငယ်ကြာမှာ
ဖြစ်ပေါ်လာတဲ့ Alexရဲ့ ခံစားချက်ပဲ။

သူ့ကို စာသင်နေပေးတဲ့အချိန်မှာ တည်ငြိမ်နေတဲ့
Theoရဲ့ မီးခိုးဖျော့ရောင် မျက်ဝန်းတွေကို
သူ သဘောကျတယ်။

သူ ပေကပ်ကပ်လုပ်တဲ့အချိန်မှာ နှာထိပ်လေးရဲပြီး
စိတ်တိုတတ်တဲ့ Theoရဲ့ပုံစံကို သူ သဘောကျတယ်။

သူ ကျီစယ်စနောက်နေတဲ့အခါ နားသယ်ဖျားလေးတွေနဲ့
ပါးပြင်လေးတွေ နီရဲလာတဲ့အထိ ရှက်နေတတ်တဲ့
Theoကို သူ သဘောကျတယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now