𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 6

192 38 8
                                    

Unicode

အဝါရောင် sticky noteပေါ်က ခပ်သော့သော့
လက်ရေးတွေက တစ်ချိန်က ရရှိခဲ့တဲ့ အပြာနုရောင်
စာရွက်လေးပေါ်က လက်ရေးသော့သော့တွေနဲ့
ထပ်တူကျလို့နေတယ်...။

အဲ့ဒီလက်‌ရေးနှစ်ခုကို သက်သေပြုလို့...
ငါးနှစ်ကျော်ကြာ စောင့်မျှော်နေခဲ့ရတဲ့
သူရဲ့ တစ်စုံတစ်ယောက်နဲ့
သူ ပြန်ဆုံခဲ့ရတယ်...။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

Jeonအိမ်တော်ရဲ့ ခြံဝင်းထဲကို ခြေချလိုက်တယ်ဆိုရင်ပဲ
Jeonသခင်မကြီးက သူမရဲ့မူပိုင် အပြုံးချိုချိုတို့နဲ့
Yoongiကို ကြိုဆိုတယ်။

တခြားသူတွေကတော့ Jeonသခင်မကြီးကိုယ်တိုင်က
လှိုက်လှဲပျူငှာစွာ ကြိုဆိုနေတဲ့ သူ့ကို 'ဘယ်သူများလဲ'
ဆိုပြီး စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်လာကြတယ်။

ထိုအကြည့်တွေကြောင့် နေရခက်သွားတဲ့ သူ့ပုံစံကို
Jeonသခင်မကြီးက အရိပ်အကဲ ဖမ်းမိဟန်တူတယ်။

တခြားသူတွေနဲ့ ခပ်လှမ်းလှမ်းက စားပွဲဝိုင်းတစ်ခုမှာ
နေရာချပေးရင်း သူနဲ့အတူ အတော်ကြာတဲ့အထိ
စကားပြောပေးတယ်။

အဲ့ဒီနောက်တော့ သူမရဲ့မွေးနေ့ကို ကြွရောက်လာပေးတဲ့
ဧည့်သည်တွေကို ကျေးဇူးတင်စကားပြောဖို့ ခြံဝင်းထဲမှာ
ဆောက်လုပ်ထားတဲ့ ခပ်နိမ့်နိမ့် Stageလေးဆီကို
ထွက်ခွာသွားတယ်။

Stageလေးပေါ်ကို Jeonသခင်ကြီးနဲ့ သခင်မကြီးတို့
ဇနီးမောင်နှံ ရောက်ရှိတာနဲ့ မွေးနေ့ပွဲကို ကြွရောက်လာတဲ့
လူအားလုံးရဲ့အာရုံစိုက်မှုက အဲ့ဒီStageလေးပေါ်မှာ
စုပြုံကျရောက်တယ်။

Yoongiလည်း သူရဲ့အာရုံစူးစိုက်မှု အလုံးစုံကို
ထိုStageလေးဆီပဲ ပို့ထားမိတယ်။

ပထမဆုံးအနေနဲ့ Jeonသခင်မကြီးက သူမရဲ့မွေးနေ့ပွဲကို
ကြွရောက်လာပေးတဲ့သူတွေကို ကျေးဇူးတင်စကား
ပြောကြားတယ်။

ပြီးတော့ Jeonသခင်ကြီးက သခင်မကြီးကို
မွေးနေ့လက်ဆောင်ပေးတဲ့ အခမ်းအနား။

အဲ့ဒီနောက်မှာတော့....
Jeon Groupမှာ ဝင်ရောက်ကူညီပေးတော့မှာဖြစ်တဲ့
Jeonအိမ်‌တော်ရဲ့ တတိယသခင်လေးကို စီးပွားရးအရ
လုပ်ငန်းပါတနာတွေနဲ့ တရားဝင် မိတ်ဆက်ပေးတယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now