Epilogue

140 20 3
                                    

Unicode

နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း..
ရာသီစက်ဝန်းတစ်ခု လည်ပတ်ပြီးနောက်မှာ
တစ်နှစ်ဆိုတဲ့ အချိန်ကာလ ကုန်ဆုံးသွားခဲ့တယ်။

ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့အညီ ပြောင်းလဲမှုတွေလည်း
အများကြီး ရှိခဲ့တယ်။
အဲ့ဒီကမှ ဝမ်းနည်းစရာအကောင်းဆုံး ပြောင်းလဲမှုတစ်ခုက...
.
.
.

Seoulမြို့အစွန်က တောင်ကုန်းလေးက
တိတ်ဆိတ်ပြီး အေးချမ်းနေတယ်။

တောင်ကုန်းလေးပေါ်က သစ်ပင်ကြီးတစ်ပင်အောက်မှာ
အမျိုးသားငယ်နှစ်ယောက်ရှိနေကြပြီး သူတို့ရဲ့ရှေ့မှာတော့
ကမ္ဗည်းတိုင်နှစ်ခုက နေရာယူလို့ထားတယ်။

အမျိုးသားငယ်နှစ်ယောက်ထဲက တစ်ယောက်က
ရိုးရှင်းတဲ့ အဖြူရောင်ဖိတ်စာလေးကို ကမ္ဗည်းတိုင်နှစ်ခုရဲ့
အလယ်မှာ အသာထားလိုက်ပြီး

''ကျွန်တော်တို့ လက်ထပ်ကြတော့မယ်''

တိုးညှင်းစွာ ထွက်လာတဲ့ Yoongiရဲ့အသံမှာ
ဝမ်းနည်းမှုတွေ ပါဝင်နေတယ်။

မျက်လုံးအိမ်ထဲမှာ မျက်ရည်စတချို့ ဝေ့သီနေပေမယ့်
သူ့နှုတ်ခမ်းပါးမှာတော့ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက
နေရာယူလို့ထားတယ်။

''ခင်ဗျားရော အဲ့ဒီမှာ အဆင်ပြေရဲ့လား Alex''

ကမ္ဗည်းတိုင်နှစ်ခုအနက်က တစ်ခုမှာ 'Alex Wilson'ဆိုတဲ့
အမည်နာမကို ရေးထိုးထားတယ်။

ဟုတ်တယ်..။
ဝမ်းနည်းစရာအကောင်းဆုံး ပြောင်းလဲမှုဆိုတာ ဒါပါပဲ။
လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကပဲ Alexဟာ
ဒီလောကကြီးကနေ အပြီးတိုင်ထွက်ခွာသွားခဲ့တာ ဖြစ်တယ်။

Accidentကြောင့် ခြေထောက်တွေ ထိခိုက်‌သွားပေမယ့်
ပြန်လည်ထူထောင်ရေးကို ကောင်းစွာပြုလုပ်ခဲ့တဲ့အတွက်
ထင်ထားတာထက်ပိုပြီး မြန်ဆန်စွာပဲ သက်သာလာခဲ့တယ်။

ခြေထောက်တွေ ပြန်ကောင်းတယ်ဆိုရင်ပဲ Theoရှိရာ
Australiaကို Alex လိုက်သွားခဲ့တယ်။
ပထမတော့ Scottမိသားစုက Alexကို ခါးခါးသီးသီးပဲ။

ဒါပေမယ့် Alexက လက်မလျှော့ပဲ Theoကို တွေ့ခွင့်ရဖို့
နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။
နောက်ဆုံးရလဒ်အနေနဲ့ Scottမိသားစုက နေရာတစ်ခုကို
ပြောပြလာခဲ့တယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now