Unicode
အတိတ်ကို ပြန်သတိရဖို့ ကြိုးစားနေတဲ့ ကိုယ့်ဆီကို
ဝေဝါးမှုတွေနဲ့အတူ ပုစ္ဆာတစ်ပုဒ်လိုမျိုး
မင်း ရောက်လာခဲ့တယ်...။ဒါပေမယ့်... မင်းက...
ရှုပ်ထွေးတဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်ပဲ
ချစ်ဖို့ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်မယ်ထင်တယ်...။𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................
ပုစွန်ဆီရောင် ယှက်သန်းနေတဲ့ ကောင်းကင်ကြီးက
Seoulမြို့ရဲ့ လှပမှုကို ပိုလို့ပေါ်လွင်စေတယ်။
နေဝင်ရီသရောအချိန်မို့ မီးရောင်ဖျဖျတွေက မြို့အနှံ့မှာ
ဟိုတစ်စ ဒီတစ။လမ်းသွယ်တစ်ခုရဲ့ ပန်းဆိုင်လေးမှာတော့
'Close'ဆိုတဲ့ ဆိုင်းဘုတ်လေးကို ချိတ်ဆွဲထားတယ်။ပန်းဆိုင်လေးက ပိတ်သွားပြီဖြစ်ပေမယ့် အထဲမှာ
ပြာလဲ့လဲ့ မီးသီးတစ်လုံး ထွန်းထားတယ်။မီးရောင်အောက်မှာတော့ လူနှစ်ယောက်က
မျက်နှာချင်းဆိုင် အနေအထားနဲ့ စားပွဲတစ်ချပ်ခြားလို့
ထိုင်နေကြတယ်။ပန်းဆိုင်လေးအတွင်းက လေထုကတော့
လူနှစ်ယောက်ရှိနေတယ်လို့ မထင်မှတ်ရလောက်အောင်
တိတ်ဆိတ်လွန်းနေတယ်။''ကိုယ့်ကို ဒီလိုပဲ စိုက်ကြည့်နေတော့မှာလား Yoongi''
တိတ်ဆိတ်မှုကို တစ်ဖက်လူက စတင်ဖြိုခွင်းလာတယ်။
Yoongiကတော့ ဘာမှပြန်မဖြေမိပဲ အရင်အတိုင်း
Alexကို စူးစိုက်ကြည့်နေမိတုန်းပဲ။''မင်း ကိုယ့်ကို မေးစရာရှိရင် ပွင့်ပွင့်လင်းလင်း မေး...''
''တကယ်ပဲ ခင်ဗျားလား Alex''
သူ့အမေးကို Alexက နားမလည်ဟန်နဲ့ တုံ့ပြန်လာတယ်။
''ဘာကို ပြောတာလဲ Yoongi''
''လွန်ခဲ့တဲ့ငါးနှစ်က...''
အစကျိုးလိုက်တဲ့ အဲ့ဒီစကားကို ရှေ့ဆက်ပြောဖို့ သူ
တုံ့ဆိုင်းနေမိတယ်။'လွန်ခဲ့တဲ့ငါးနှစ်က ကျွန်တော့်ကို
Forget-me-notပန်းတွေ ပေးခဲ့တာ ခင်များလား'လို့
မေးလိုက်ချင်ပေမယ့် Alexဆီက ပြန်ဖြေလာမယ့်
စကားတွေကိုတော့ သူ မကြားချင်ဘူး။
KAMU SEDANG MEMBACA
𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡
Fiksi PenggemarYou gave me the forget-me-not flowers and you said ''Please,remember me''. Yoonkook fanfiction