𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 2

245 41 1
                                    

Unicode

တစ်စုံတစ်ယောက်ကြောင့် သူ စိုက်ပျိုးဖြစ်ခဲ့တာဟာ
Forget-me-notပန်းတွေဖြစ်တယ်။

Forget-me-notတွေကို စိုက်ပျိုးရင်း တစ်စုံတစ်ယောက်ကို
သူ စောင့်မျှော်နေခဲ့တယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

လေးလံနေတဲ့ မျက်ခွံတွေကို အားယူပြီး Yoongi
ဖွင့်ကြည့်လိုက်တယ်။

ပထမဆုံးအနေနဲ့ သူမြင်ရတာက ခပ်စူးစူးမီးရောင်တစ်ခု။
ပြီးတော့ အဖြူရောင် မျက်နှာကြက်။
နောက်ပြီး သူ့နှာခေါင်းထဲကို တိုးဝင်လာတဲ့ ဆေးနံ့တွေ။

ဘေးဘီဝဲယာကို သူကြည့်လိုက်တော့
ကိုယ်စီ အလုပ်များနေကြတဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေကို တွေ့ရတယ်။

သူ ဆေးရုံကို ရောက်နေခဲ့တာပဲ။
ဒါပေမယ့် ဘယ်လိုဖြစ်ပြီးလဲ...။
အတွေးနဲ့အတူ မှတ်ဉာဏ်တွေကို recallပြန်ခေါ်မိတယ်။

သူ နောက်ဆုံးရှိနေခဲ့တာက ပါးပါးနဲ့မားမားရဲ့
အရိုးပြာအိုးထားထားတဲ့ တောင်ကုန်းပေါ်က သစ်ပင်ကြီးရဲ့ အောက်မှာ။

အဲ့ဒီမှာ သူထိုင်နေရင်း သူနဲ့ရင်းနှီးမှု မရှိတဲ့
တစ်စုံတစ်ယောက်က သူ့‌ရှေ့ကို ရောက်လာတယ်။
ပြီးတော့ Forget-me-notပန်းတွေ ပေးလာခဲ့တယ်။

နောက်ပြီး အဲ့ဒီတစ်စုံတစ်ယောက်က သတိရနေပေးဖို့လည်း ပြောသေးတယ်။

အဲ့ဒီနောက်...။
အဲ့ဒီနောက် ဘာဆက်ဖြစ်သွားခဲ့တာလဲ...။
သူ ဘယ်လိုမှ စဉ်းစားမရဘူး။

‌ပက်လက်အနေအထားနဲ့ လဲလျောင်းနေရာကနေ
ထထိုင်ဖို့ သူ ကြိုးစားလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ သူနာပြုတစ်ယောက်က သူ့အနားကို
သုတ်သုတ်ပျာပျာနဲ့ ရောက်လာတယ်။

''လူနာ ထထိုင်လို့မဖြစ်သေးပါဘူး
ရှင့်ခန္ဓာကိုယ်က အားနည်းနေသေးတယ်''

ပြောရင်းနဲ့ သူနာပြုက သူ့ကို ဆေးရုံကုတင်ထက်မှာ
ပြန်ပြီး လဲလျောင်းနေစေတယ်။

ပြီးတော့ ဆရာဝန်တစ်ယောက်က ရောက်လာပြီး
သူ့အခြေအနေကို စစ်ဆေးတယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now