Part 4

1.1K 69 0
                                    

ကလင်.....ကလင်...ကလင်....

နှိုးစက် အချက် ပေးသံကြောင့် ထယ်ယောင်း နိုးလာသည် ။နံဘေးမှာ ခွေခွေလေး အိပ်နေသော ဂူဂူလေး ကို morning kiss လေး ပေးမည်အလုပ် ....

"ဟင်... အသားတွေပူကျစ်နေပါလား... သားသား ...ဂူဂူလေး ..ဂူဂူ...ဂူဂူ ပါးပါးနှိုးနေတယ်လေ ထကြည့်ပါအုံး...ဘုရားရေ...ဘယ်တည်းက ပူနေပါလိမ့်...ဂူဂူ ရေ ဂူဂူ...မ...မဖြစ်ဘူး...ဆေး...ဆေးရုံ...!!!"

ထယ်ယောင်းအလန့်တကြား လှုပ်နှိုးနေမိသည်။ဂူဂူလေး ကျန်းမာရေး ချူချာမှာစိုးလို့ အစစအရာရာ ဂရုစိုက်ခဲ့သည်။ အစေးမိနှာစေးရုံပဲ့ ဖြစ်ခဲ့ဖူးသည်။ ခုဟာက တုတ်တုတ်တောင်မလှုပ်တော့ စိုးရိမ်တကြီး မျက်ရည်များ၀ဲကာ အိပ်မှုန်စုတ်ဖွာ နှင့် သားသားကိုချီပြီး ဒယ်ဂူဆေးရုံဆီပြေးတော့သည်။ဆေးရုံက သူ့အိမ်နဲ့ တလမ်းကျော် ‌Taxi တားလဲ  တစီးမှ မရပ်တာမို့ ထယ်ယောင်း ဖိနပ်ပင် မစီးနိုင် ခြေလျင် ပြေးသည်။

"ဒေါက်တာ ...ဒေါက်...ဒေါက်တာ....သားသားကို ကယ်..ကယ်ပါအုံးဗျာ ..ဘာဖြစ်တာလဲမသိဘူး"

မောကြီးပန်းကြီး ဆေးရုံ အ၀င်၀ ရောက်သည်နှင့် အကူအညီတောင်းတော့သည်။

"ကလေး ကဘာဖြစ်တာလဲ"

"မသိဘူးဒေါက်တာ ကယ်ပါအုံး...
ဟင် ...အစ်ကိုဘိုဂမ်..."

"အင်း...ကိုပါ ...ယောင်း"

"အစ်ကိုအစ်ကို သားသားကိုကယ်ပါအုံးဗျာ ဘာဖြစ်တာလဲမသိဘူး...ကျွန်တော် ရင်ကျိုးတော့မယ် 😭"

ထယ်ယောင်း သားသားနဖူးတွေ လက်တွေစမ်းကာပြောရင်း ဆရာ၀န်ဆီ လှည့်ကြည့်လိုက်တော့ ‌အစ်ကိုဘိုဂမ် ဖြစ်လို့နေသည်။ နဂိုတည်းက မငိုအောင်အတင်းထိန်းထားနေသည့်ကြားမှ ဘိုဂမ်ကို မြင်လိုက်တော့ ငိုချမိတော့သည်။

"အင်းအင်း... ယောင်း ...စိတ်ကိုလျှော့ထားနော်...အစ်ကို အကောင်းဆုံးကြိုးစားပေးမယ်...ပေးပေး ဂူဂူကို အစ်ကိုချီမယ် ...ဆရာမရေ...အရေးပေါ်အခန်း အဆင်သင့်လုပ်ထားပေး...ယောင်းဒီမှာ အေးဆေးထိုင်နေအုံးနော် စိတ်အေးအေးထား ဂူဂူ ဘာမှမဖြစ်စေရဘူး.....ကိုအခန်းထဲ ၀င်လိုက်အုံးမယ်.."

မောင့်မူပိုင်💜 (Completed)Where stories live. Discover now