Part 16

1.1K 60 3
                                    

"ဦး‌ငယ်ဂျွန်ရေ...သားသားတို့ ရောက်ပီ..."

"ဝါး....ဂူဂူလေး...လာပါဦး ..များကြီးလွမ်းနေခဲ့တာ...အိမ်မှာ သားသား မရှိတော့ ပျင်းတာ"

"လာပြီ ဦးငယ်‌ရေ..."

ဂူဂူ လက်သေးသေးလေးတွေနဲ့ ဂျောင်မင် ကို ပွေ့ဖက်လာတော့ ဂျောင်မင် ပြန်ဖက်ထားပေးသည်။

"ဦးငယ် ..ဗိုက်က အနာက သက်သာနေပီလား.."

"အင်း...သက်သာလာနေပီ ဂူဂူ"

"အာ့ဆို ..ဂူဂူတို့ ခြံထဲ သွားကစားရအောင်လေ"

"ဟုတ်ပြီ..let' go..."

ဂျောင်မင်နှင့် ဂူဂူတို့ တစ်ယောက်လက် တစ်ယောက်ဆွဲကာခြံထဲဆင်းကစားကြသည်။ညနေ ရုံးဆင်းချိန်မလို့ ဂျောင်ဂုတို့ အိမ်ပြန်လာကြသည်။အိမ်ရောက်တာနဲ့ ကားပေါ်ကဂူဂူလေး ပြေးဆင်းလာပြီး ဂျောင်မင်နဲ့အတူ ခြံထဲကစားဖို့ ထွက်လာသည်။‌ေဂျာင်ဂုက တော့အပေါ်ထပ် တက်သွားလေပြီ။ ထယ်ယောင်း ဧည့်ခန်းထဲ ခန ထိုင်နေသည်။ဂူဂူ့အသံလေး ကို အိမ်ပေါ်က ဂျွန်ကတော် ကြားတာနဲ့ အောက်ထပ် ဆင်းလာသည်။

"အော်...ရောက်လာကြပီပဲ့ ..အနားယူလိုက်ကြအုံး ..."

ဂျွန်ကတော် ဆင်းလာတော့ ထယ်ယောင်း သူ့ကိုကြည့်နေတာ မြင်တော့ ထယ်ယောင်းဆီမျက်နှာချင်းဆိုင်မကြည့်ပဲ့ စကားပြောကာ ခြံထဲမှာ ကစားနေသောဂူဂူဆီ သွားဖို့ ခြေလှမ်းလှမ်းလိုက်သည်။

"ဘယ်သွားမလို့လဲ...သူဌေး"

"ဟမ်...အော်...ခြံထဲမှာ ပန်းပင်တွေ ရေသွားလောင်းမလို့"

"နင်ကော...ရေမချိုးသေးဘူးလား"

"ဟုတ် ..ခနနေ ချိုးမှာပါ သူဌေး"

"အပေါ်တက်သွားတော့လေ..ဂျောင်ဂု တက်သွားပီမလား .....ငါ့သားကို ယူပြီးလဲ စိတ်ချမ်းသာအောင်ထား‌မှပေါ့ ညည်းကလဲ"

"ဟုတ်ကဲ့ပါ ... သူဌေး"

ထယ်ယောင်းလဲ အပေါ်တက်သွား‌သည်။ဂျွန်ကတော်ကတော့ သူ့အကြံအောင်မြင်ပီမို့ ဂူဂူဆီ သွားတော့သည်။တကယ်တော့ သူ ထယ်ယောင်းကို သိပ်တော့ မကြည်ပေမယ့် ဂူဂူလေးကိုတော့ သူသိပ်ချစ်သည်။သူကသာ နဂိုတည်းက မုန်းပြထားတယ်ဆိုတော့လဲ သူ့မာနနဲ့ သူပေါ့လေ။

မောင့်မူပိုင်💜 (Completed)Where stories live. Discover now