Part 5

1.2K 64 0
                                    

"ဒီနေ့ ဆွန်းဝူ ပြောတဲ့ ဒယ်ဂူက တက်တူးဆိုင်ကို သွားကြည့်မယ်...အဲမှာ ငါသဘောကျတဲ့ တက်တူး‌တွေထိုးမယ်...ဒါမှ ဂျွန်ဂျောင်မင် ဆိုပီးဖြစ်လာမာ မဟုတ်ရင် ငါ့အစ်ကိုမှတ်ပီး ပတ်ခေါ်နေအူးမာ...မတူဘူးလေ ငါကငါ အစ်ကိုက အစ်ကို ပေါ့ ...ဒယ်ဂူက ကောင်မလေးချောချော လေးတစ်ယောက်လဲ ကောက်တွဲအူးမှ အဟီး...."

ဂျောင်မင်တစ်ယောက် မှန်တင်ခုံရှေ့ မျက်နှာလေးပွတ်ရင်း ပြောသည်။  ရေမိုးချိုး အ၀တ်အစားလဲပြင်ဆင်ပီး ခရီးဆောင်အိတ်တစ်လုံး ကင်မရာကို လည်ပင်းမှာ ချိတ်ဆွဲလိုက်သည်။
သူနဲ့ ဂျောင်ဂုက နှုတ်ခမ်းအောက်မှာရှိတဲ့မှဲ့လေးကအစ အကုန်တူသည်။ခွဲလို့မရ။ကြာကြာပေါင်းမှ သိသည်။ဆိုးလ်က လူတွေက ဂျောင်ဂုမှာ အမွှာညီရှိမှန်းတော့သိသည်။နှစ်ယောက်လုံးမှာ ဘယ်တစ်ယောက်ပဲ့တွေ့တွေ့ ဂျောင်ဂု လို့သာ ခေါ်သည်။ဂျောင်ဂုနဲ့ဂျောင်မင် အတူသွားတဲ့အချိန်ဆို မရှိသလောက်ရှားသည်။ဂျောင်မင်က သူ့ကိုဂျောင်ဂုလို့အထင်ခံရတာ မကြိုက်ပါ။သူက ဖော်ရွေသည်။ကူညီတတ်သည်။နည်းနည်းတော့ ဂျစ်ကန်ကန်နိုင်သည်။ဂျောင်ဂုကတော့ မာနခဲ ရေခဲတုံး။ဒါကြောင့်လဲ ခွဲထွက်လို့ရအောင် သူ့လက်တစ်ဖက်မှာ တက်တူးအပြည့်ထိုးဖို့ စဉ်းစားထားသည်။

"မေမေဆီမှာ မုန့်ဖိုးတောင်းအူးမှ..."

ပြောရင်း အောက်ထပ်သို့ ဆင်းလာလိုက်သည်။

"အော်...သားငယ် ..အဆင်သင့်ဖြစ်နေပီလား မနက်စာ စားသွားအုံး...လာ..လာထိုင် ..မေမေ ပြင်ထားတယ်..."

"ထမင်းစားခန်းထဲ ကော်ဖီသောက်ရင်း သူ့ကိုစောင့်နေသော အမေဖြစ်သူကို ခေါင်းလေးငြိမ့်တစ်ချက် ပြုံးပြရင်း ၀င်ထိုင်လိုက်ပီး မနက်စာ စားနေသည်..."

…"အားရှီး...မေမေ ချက်ထားတဲ့ မနက်စာလေးက သိပ်အရသာရှိတာပဲ့....မေမေပေးတဲ့ အာဘွားလေးကိုတော့ မမှီဘူး ဟီး😁"

"အမယ်....မုန့်ဖိုးလိုချင်လို့ ဉာဏ်ဆင်နေတာမလား...သိတယ်နော် ..."

"ဟုတ်တယ်မေမေ ...ဟီး"

မျက်စောင်းလေး တချက် ထိုးရင်း ပြောလိုက်သည်။ဂျောင်မင်က သူမဆီမှာ တစ်ခုခု လိုချင်လို့ရှိရင် အဲလိုပဲ့ ချွဲနေကျ။အသက်ကဖြင့် ၃၀ နားကပ်နေပီ ခုထိချွဲလို့ကောင်းတုန်း...။သူမအမြင်မှာတော့ သားနှစ်‌ေယာက်လံုးငါးနှစ်သား ကလေးတွေလိုပါပဲ့။ပိုသည်လိုသည်မရှိ။တန်းတူ ချစ်သည်။အလိုလိုက်သည်။အတ္တတော့ကြီးသည်။

မောင့်မူပိုင်💜 (Completed)Where stories live. Discover now