Part 12

1.2K 61 0
                                    

"အာ...ကျွတ်...ကျွတ်.."

"နိုးလာပီလား...ညီတော်ချော...ဘယ်လိုလဲ ခံစားရကောင်းလား"

"ဟာ..အစ်ကို ...ဘယ်တုန်းက ရောက်နေတာ လဲ ဒီကို ...ဗိုက်က တော်တော် နာနေ"

"မင်း ကျေးဇူးကြောင့်ဒီရောက်နေတာလေ ..ကလပ်မှာ ဓါးထိုးခံရတယ်ဆို ...ကြည့်ပါအုံး လက်မှာလဲ တက်တူးတွေနဲ့ ...မင်းကိုမင်းမိုက်လှပီထင်နေတယ်ပေါ့..."

"တော်ပါတော့ ..အစ်ကိုရေ...ကျွန်တော် ခနလောက်တော့ နားပါရစေ..အစ်ကိုကလဲ တွေ့တာနဲ့ ကျွန်တော့ကို ဆူဖို့ချည်းပဲ့"

"မင်းကသာ အချိုးမပြေတာ ...အိပ်အိပ် ...ငါမေမေဆီ ဖုန်းဆက်အုံးမယ် "

ဘိုဂမ်ပြောပြလို့ ဂျောင်ဂု အခန်းထဲ၀င်လာတော့ ကုတင်ပေါ်မှာ ဗိုက်ကိုလက်တစ်ဖက်နဲ့ ဖိရင်း ထိုင်နေသော ဂျောင်မင်ကို တွေ့လိုက်သည်။မြင်တာနဲ့ ပွစိပွစိ ပြောနေတဲ့အစ်ကိုကြောင့် ဂျောင်မင် စိတ်ရှုပ်ကာ စောင်ခေါင်းခြုံရင်း လှဲနေလိုက်သည်။ဂျောင်ဂုကတော့ ဖုန်းလေးကိုင်ကာ အမေဆီ ဖုန်းဆက်နေသည်။

"ဟယ်လို မေမေ..."

"ဟယ်လို ...သား...ဂျောင်မင်အခြေအနေဘယ်လိုနေသေးလဲ"

"နိုးလာပီမေမေ..သူ့ကို ဖုန်းလှမ်းပေးလိုက်မယ်နော်"

"ဟေ...ဂျောင်မင် ...မေမေ ဖုန်းပြောချင်လို့တဲ့"

ဂျောင်ဂု ပြောရင်း စောင်အောက်ကွေးနေတဲ့ ဂျောင်မင်ဆီ ဖုန်းထိုးပေးလိုက်သည်။

"ဟယ်လို မေမေ"

"ဟယ်လို ...သား..ဂျောင်မင်လား..."

"ဟုတ်တယ်မေမေ ...စိတ်မပူနဲ့နော်မေမေ သားဘာမှမဖြစ်ဘူး သက်သာနေပီ ...ဆေးရုံက ဆင်းခွင့်ရတာနဲ့ သားတန်းလာခဲ့မယ်နော် မေမေ"

"အင်းပါသားငယ်...မေမေက တအားစိတ်ပူနေတာ...သားအဲလိုပြောတာ ကြားရလို့ မေမေ စိတ်အေးပါပီကွယ်...နေကောင်းတာနဲ့ မေမေဆီတန်းလာခဲ့နော်သား...သားအစ်ကိုစကားနားထောင်နော်သား"

"ဟုတ်ကဲ့ပါ မေမေ...အာ့ဆို သားဖုန်းချလိုက်တော့မယ်နော် ...သားအိပ်ချင်နေလို့ ချစ်တယ်နော်"

မောင့်မူပိုင်💜 (Completed)Where stories live. Discover now