Part 11

1.1K 61 0
                                    

ဂူဂူ့ကျောင်းပိတ်ရက်မို့ ထယ်ယောင်း ဂူဂူလေးကိုသူအလုပ်လုပ်တဲ့ ကော်ဖီဆိုင်ဆီ ခေါ်သွားဖို့ ဆံုးဖြတ်ထားသည်။မနက်အစောကြီး အိပ်ရာထကာ တစ်နေ့စာအတွက် ချက်ပြုတ်ပြင်ဆင်သည်။ပြင်ဆင်ပြီးသွားတော့ ဂူဂူကြိုက်တဲ့ စတော်ဘယ်ရီသီးလေးတွေကို  ခူးသည်။ခနကြာတော့ ဂူဂူလေး နိုးလာသည်။ မျက်နှာသစ် အောက်ထပ်ဆင်းကာ စတော်ဘယ်ရီသီးတွေ ကူခူးသည်။

"ပါးပါး ဂူဂူလေးက သိပ်လိမ္မာတာပဲ့ ...ဒီနေ့ ပါးပါးတို့ ကော်ဖီဆိုင်လေး အလည်လိုက်ခဲ့မလား..."

"လိုက်မယ်လေ ပါးပါး.. ဟို‌ေရာက်ရင်.ဂူဂူ ငြိမ်ငြိမ်လေး နေနေမယ်နော် ...ခေါ်နော် ပါးပါး နော်"

"ခေါ်မာပေါ့ ဂူဂူရယ် ...ဒီအိမ်မှာ ပါးပါးနဲ့ဂူဂူ နှစ်ယောက်တည်းပဲ့ရှိတာ ...ပါးပါးအလုပ်သွားရင် ဂူဂူတစ်ယောက်တည်း မထားရက်ပါဘူး"

"ရေး....ဒါမှ ...ဂူဂူ့ပါးပါး"

လက်ခုပ်လေးတီးကာ ထအော်နေတဲ့ဂူဂူလေးကို ထယ်ယောင်း သိပ်ချစ်ရသည် ။

"လာ...ဂူဂူ...နောက်ကျနေတော့မယ်...ရေမိုးချိုး မနက်စာစားပြီး ပါးပါးတို့သွားကြမယ်"

"ဟုတ်...ပါးပါး"

သားအဖနှစ်ယောက်ရေအတူချိုး လှလှလေးပြင်ဆင်ကာ မနက်စာစားပြီး ထမင်းချိုင့်တွေရယ် စတော်ဘယ်ရီသီးထုပ်တွေ ပြင်ဆင်နေတုန်း

တီးတောင်...တီးတောင်...

"ဂူဂူ ဖွင့်လိုက်မယ်နော်ပါးပါး"

"အင်း သား"

"ဝါး...ဦးဦးဆရာ၀န်....ပါးပါးရေ ဦးဦး လာတယ်"

ဘဲလ်တီးသံကြားလို့ ဂူဂူလေး တံခါးဖွင့်ပေးတော့ ဒေါက်တာ ဘိုဂမ်ရောက်နေသည်။

"အော်...အစ်ကို ....လာလေ လာထိုင် အစ်ကို နေကောင်းလား မနက်စာကော စားပီးသွားပီလား"

"အင်း ပြီးပီ ယောင်း....ဒါတွေက ဘယ်သွားကြမလို့လဲ"

"ဂူဂူ ပါးပါးတို့ဆိုင်လိုက်သွားမလို့ ပါဦးဦး"

"ဟုတ်လား ...အဲကြောင့် ဂူဂူလေးဒီနေ့ သိပ်ခန့်နေတာကိုး..."

ဘိုဂမ်ပြောတော့ လေးထောင့်ဆန်ဆန် အပြုံးလေးနဲ့ပြုံးလာသည်။

မောင့်မူပိုင်💜 (Completed)Where stories live. Discover now