Part 8

1K 59 0
                                    

"ဒါက ဘယ် လဲ..."

"အလုပ်သွားမလို့လေ မေမေ..."

"သား ထယ်ယောင်းနဲ့ ဆက်မပတ်သက်ရင်တော့ မေမေ ခွင့်ပြုတယ်"

"မေမေကလဲ...ကျွန်တော် သူနဲ့မပတ်သက်တော့ပါဘူးဗျာ အမေစကားနားထောင်ပါမယ် ဆယ်နာကိုလက်ထပ်မှာပါ သွားတော့မယ်အမေ နောက်ကျနေပီ..."

ဂျောင်ဂုကျောခိုင်းကာ မဲ့ပြုံးတစ်ချက်ပြုံးရင်း ထွက်လာခဲ့သည်။ ဂျွန်ကတော်က နှစ်ရက်လောက်သူ့ကိုအလုပ်မသွားခိုင်းပဲ့အိမ်မှာပဲ့နေစေသည်။ကုမ္ပဏီကိစ္စကိုတော့ ထယ်ယောင်းနဲ့မန်နေဂျာကို ကြည့်ထားခိုင်းလိုက်သည်။ဂျောင်ဂု ထယ်ယောင်းမျက်နှာလေးတွေ့ချင်လွန်းလို့ ကုမ္ပဏီသွားဖို့ ဆင်းလာတာ ဧည့်ခန်းထဲသတင်းစာဖတ်ကာ ထိုင်နေသော အမေတွေ့လို့ မေးတာဖြစ်သည်။ဂျောင်ဂု ခပ်မြန်မြန်ကားမောင်းကာ ထွက်လာခဲ့သည်။

ရုံးခန်းထဲ ရောက်တော့ ထယ်ယောင်းကိုခေါ်လိုက်သည်။

"အတွင်းရေးမှူး ကင်မ်ထယ်ယောင်း...."

ခနကြာတော့ ထယ်ယောင်းအချိန်ဇယားစာရင်းကိုင်ရင်း၀င်လာသည်။

"ဒီနေ့အတွက်အချိန်ဇယားတွေပါ စီအီးအို..."

ပြောကာ ထယ်ယောင်း စာရင်းလှမ်းပေးလိုက်သည်။

"ကိုယ့်ကိုမလွမ်းဘူးလား..."

".........."

"ဘာမှမှာစရာရှိရင် ကျွန်တော်သွားတော့မယ်"

"နေပါအုံး...ထယ်..."

လှည့်ထွက်မည်အလုပ် ဂျောင်ဂု ထယ့်လက်ကိုဆွဲလိုက်သည်။

"သားရေ...မေမေ ၀င်လာမယ်နော်"

ဂျွန်ကတော့် အသံကြားတော့ ထယ်ယောင်းလက်ပြန်ရုတ်ကာ စာအုပ်လေးပိုက်ရင်း ရပ်နေသည်။

"သား ဒီကို ...ဘယ်သူ လာလဲ ကြည့်ပါအုံး"

"ဂျွန်....."

"အော်....ဆယ်နာ..."

"ကျွန်တော့ကို သွားခွင့်ပြုပါအူး"

ထယ်ယောင်း အရိုအသေပေးကာ အခန်းထဲက ထွက်ခဲ့သည်။စီးကျလာမယ့်မျက်ရည်တွေ ထိန်းရင်းနဲ့ပေါ့။

မောင့်မူပိုင်💜 (Completed)Where stories live. Discover now