Part 14

1.1K 57 0
                                    

"မေမေ...မေမေရေ မေမေ…."

"ဟာ...သားတို့ရောက်လာကြပီလား ...မေမေက နောက်ကျမယ်ထင်နေတာ...အိမ်ထဲ၀င် အနားယူအူးနော် ...သားတို့... မေမေ ဟင်းချက်နေတာပြီးတော့မယ်"

ဂျောင်ဂုတို့ ဆိုးလ်ရောက်တော့ လေဆိပ်ကနေ ကားငှားကာ မေမေအိမ်ပြန်ခဲ့ကြသည်။ဒီနေ့ သားတို့ အိမ်ကို ပြန်လာမည်မှန်း  သိလို့ ဂျွန်ကတော် မီးဖိုချောင်မှာ ဟင်းချက်နေသည်။‌ေဂျာင်ဂုတို့ကား‌ေလး မေမေအိမ်ခြံရှေ့ရောက်လာသည် ။ဂူဂူလေးကဂျောင်ဂု ပေါင်ပေါ် အိပ်ပျော်နေသည် ။ဂျောင်မင်က ခြံရှေ့ရောက်တာနဲ့ အိမ်ရှေ့ကနေ လှမ်းခေါ်တော့ ဂျွန်ကတော် မီးဖိုချောင်မှာပဲ့ ဟင်းချက်ရင်း ပြန်ပြောနေလေသည်။ဂျောင်ဂု အိပ်ပျော်နေတဲ့ဂူဂူလေးကို ချီကာ ကားပေါ်က ဆင်းလာသည်။ဂျောင်မင်ကတော့ အထုပ်တွေချလို့ အိမ်ထဲပြေး၀င်တော့သည်။

"လာလေ...ထယ်...လာ ..မောင့်လက် ကိုဆွဲထား.."

"အင်း...."

ကားပေါ်က ဆင်းပြီး တွေတွေလေး ရပ်နေတဲ့ ထယ်ယောင်းကို ဂျောင်ဂု ပြောကာ ထယ်ယောင်း လက်လေး လှမ်းဆုပ်ကိုင်လာသည်။

‌"ကြောက်နေတာလား...ထယ်"

"အင်း...နည်းနည်း"

"မကြောက်ပါနဲ့နော်...မောင်ရှိတယ်...လာ ...အထဲ၀င်ရအောင်..."

"အင်း...."

ထယ်ယောင်း အထုပ်တွေ ဆွဲကာ ဂျောင်ဂု ခေါ်ရာနောက် လိုက်လာလေသည်။

"ဒီမှာ ..ခန .ထိုင်နေအုံးနော်...ထယ်...မောင် သားလေးကို အခန်းထဲ သိပ်လိုက်အုံးမယ်.."

"အင်း.."

ဂျောင်ဂု ဂူဂူလေးကိုချီကာ အပေါ်ထပ်က အိပ်ခန်းဆီ သို့ တက်သွားသည်။ထယ်ယောင်း...ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အိမ်ပတ်ပတ်လည်ကို ပတ်ကြည့်နေသည်။

"ဘာတွေချက်နေတာလဲ မေမေ..."

"သားတို့ ကြိုက်တဲ့ တော့ပူကီ ချက်နေတာ လေ..ခနလေး ပြီးတော့မယ်"

"လွမ်းလိုက်တာမေမေရာ"

ဂျောင်မင် တစ်ယောက် အနောက်ကနေ သိုင်းဖက်ရင်း ...ဂျွန်ကတော်ပုခုံးပေါ် မေးလေး တင်ကာ ချွဲနေလေသည်။

မောင့်မူပိုင်💜 (Completed)Where stories live. Discover now