"ဝါး....လှလိုက်တဲ့ နေရာလေး...."
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မနီးမဝေးက နေရာလေးတစ်ခု။ကြည့်ရတာ အပန်းဖြေနေရာလေးထင်သည်။တောင်တန်းကြီးတွေနဲ့ နံဘေးနားမှာ တိုက်အိမ်လေး သုံး လေးဆောင်။သူ့ခြံသူ့၀န်း ခြံထဲမှာ လဲ ပန်းပင်တွေအပြည့် ။တော်တော်လေး အေးချမ်းသည်။ထယ်ယောင်းတို့ နေတဲ့အိမ်လေးက သစ်လုံးအိမ်လေး။သေသပ်သည်။နောက်မှာ တောင်တန်းကြီးတွေ ပန်းခင်းတွေရှိသည်။ မိုးဦးကာလဖြစ်တာမို့ ရေတသွင်သွင်စီးေနတဲ့စမ်းချောင်းလေးတစ်ခု ။လွမ်းေမာစရာေနရာေလးပင်။ထယ်ယောင်းအိမ်ပတ်ပတ်လည် လိုက်ကြည့်သည်။
"ဝါး....အရမ်းလှတာပဲ့နော် မောင်...မောင်ဒီကို ရောက်ဖူးလား"
"အင်း ထယ် ...အစ်ကိုဟိုဆော့နဲ့ တခါရောက်ဖူးတယ် အစ်ကိုက နွေရာသီကျောင်းပိတ်ရက်ဆို ဒီကိုလာနေကျ...အဝေးကြီးမသွားနဲ့နော်ထယ်...မောင် အိမ်သန့်ရှင်းရေးလုပ်လိုက်အုံးမယ်"
"အင်း မောင်..."
ထယ်ယောင်း ပတ်ပတ်လည်လိုက်ကြည့်နေသည်။အိမ်နောက်ဖက် လယ်ကွင်းမှာ သိုးအုပ်လေးတွေ့တော့...
"အစ်ကိုဟိုဆော့ က သိုးတွေလဲ မွေးထားတာလားမောင်..."
"မဟုတ်ဘူးထယ်...တခြားအိမ်က သိုးတွေ ဖြစ်မှာပါ"
"အင်း....အင်း...."
အိမ်ပေါ်ကနေ အမှိုက်သိမ်းရင်း ထယ်ယောင်းအမေးကို ပြန်ဖြေနေသည်။
"မောင်ရေ...ဒီကို လာအုံး...ထယ်ကို ပုံလေးတစ်ပုံလောက်ရိုက်ပေး..."
"အင်း...လာပီ..."
စားပွဲပေါ်မှာတင်ထားသော ဖုန်းကိုကိုင်ကာ ဆင်းလာသည်။
"လာ...ထယ် မောင်ရိုက်ပေးမယ်..."
ဂျောင်ဂု ပြောရင်း ဖုန်းကို ဖွင့်လိုက်တော့ မေမေဆီက missed call 25ခု။ဂျောင်ဂု မျက်နှာတစ်ချက်ပျက်ကာ ဖုန်းကို လေယာဉ်တင်ထားလိုက်သည်။
"ကဲ....ရိုက်မယ်နော် ...1...2...3.."
YOU ARE READING
မောင့်မူပိုင်💜 (Completed)
RomanceTaekook 🔥🔥 မောင့်ကိုနောက်တကြိမ်လောက်တွေ့ဖို့အခွင့်အရေးရှိလာခဲ့ရင် ထယ် အရင်ကဆိုးခဲ့တာတွေအတွက် ခွင့်လွတ်ပေးဖို့တောင်းပန်ချင်လိုက်တာမောင်ရယ်...မောင့်ရဲ့သားလေးကိုမောင်တွေ့ရင် သိပ်ချစ်သွားမာပဲ့... Kim Tae Hyung ထယ် မရှိတဲ့...