Part 7

1K 58 2
                                    

ထယ်ယောင်းစဉ်းစားပေးမည်သာပြောပီး ဂျောင်ဂုကို ရှောင်နေသည်။ညကလဲသူတစ်ညလံုးထိုင်စဥ်းစားသည်။ သူ ဂျောင်ဂုကို ချစ်ပါသည်။သူနဲ့ဂျောင်ဂုက မိုးနဲ့မြေလိုကွာသည်။သူကသာမန်လူ ဂျောင်ဂုက သူဌေးသား။သူနဲ့ဂျောင်ဂုချစ်သူဖြစ်တာ ဂျွန်ကတော်သိသွားခဲ့ရင် သဘောတူမှာမဟုတ်ပေ။သူဒီကုမ္ပဏီမှာပျော်သည်။ဂျွန်‌ကတော်ကလဲ သူ့ကိုသဘောကျတာမို့ သူလေးစားရတဲ့သူဌေး သူ့ကိုမုန်းမှာ မလိုပေ။ဒါကြောင့်လဲ သူဂျောင်ဂုနဲ့အတတ်နိုင်ဆုံးမတွေ့အောင်ရှောင်သည်။

"သား....ဒီနေ့ ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်နော် အဲမှာ မေမေ ပြောစရာလဲရ‌ှိတယ် သားလိုက်ခဲ့ရမယ်....အော် သား သန့်သန့်လေး၀တ်ထားနော်"

"ဟုတ်ကဲ့ပါမေမေ ...အစည်းအဝေးက အရေးကြီးလို့လားမေမေ သားကိုခေါ်တယ်ဆိုတော့"

"ဟုတ်တယ်သား အဲကျရင် မေမေပြောပြမယ် သွားရေသွားချိုးတော့"

"ဟုတ်ကဲ့...."

ဂျောင်ဂုအပေါ်ထပ်တက်သွားသည်။ခနကြာတော့ ရှိုးဘောင်းဘီ ရှည်အမဲ အထဲက အဖြူရောင် အပြင်က ကုတ်အမဲ လည်စတိုင်နှင့် ကျနစွာ ၀တ်ကာ ဆင်းလာသည်။

"ဝါး....ငါ့သားက CEO ကျနေတာပဲ့"

"မေမေကလဲ မြှောက်ပီ"

"အင်းပါ လာ သွားကြရအောင် ရုံးကလူတွေစောင့်နေလောက်ပီ...."

"ဟုတ်....."

"ဒီနေ့ ခန်းမမှာ ကိုးနာရီအစည်းအဝေးရှိတယ်နော် မနောက်ကျစေနဲ့နော်..."

အရေးကြီးအစည်းအဝေးရှိတယ်ဆိုလို့ ထယ်ယောင်းတစ်ယောက် ကုမ္ပဏီက အကြီးအကဲတွေကို ခေါ်စုနေသည်။စိတ်ထဲမှာလဲ ဂျောင်ဂု မပါလာဖို့ ဆုတောင်းနေသည်။ဟော...လာပါပီ သူဌေးကား...။ထယ်‌ေယာင်း မြန်မြန်ဆန်ဆန် နဲ့ ကားဆီ သွားကာ ဦးညွတ်လိုက်သည်။

"မဂ်လာ မနက်ခင်းပါ သူဌေး.."

"အင်း ထယ်ယောင်း....သားရေ ဆင်းခဲ့လေ"

ထိုအသံကြားသည်နှင့် ထယ်ယောင်းဇော‌ေချွးများပင် ပြန်လာသည်။သူဌေးက အဖြူရောင် ဂါ၀န်တိုလေး ၀တ်ထားသည်။ကားပေါ်က ကျနစွာဆင်းလာသောဂျောင်ဂုက ဒီ၀တ်စုံလေးနဲ့သိပ်ခန့်သည်။ထယ်ယောင်းငေးနေမိတုန်း...

မောင့်မူပိုင်💜 (Completed)Where stories live. Discover now