Part 17

1.1K 58 4
                                    

"မောင်...ဒီနေ့ ထယ်...ခွင့်တစ်ရက် ယူမယ်နော်..ကုမ္ပဏီ မလိုက်တော့ဘူး”

"ဘာဖြစ်လို့လဲ ထယ်...နေမကောင်းလို့လား”

ဂျောင်ဂုပြောရင်း ထယ်ယောင်း နဖူးကို လက်နဲ့စမ်းလိုက်သည်။

"မဟုတ်ဘူးမောင်..ထယ်..ထမင်းမချက်တာကြာလို့..အဲတာ မောင်တို့ကို ထယ် ကိုယ်တိုင် ‌နေ့လည်စာ ချက်ကျွေးချင်လို့"

"ထယ်ကလဲ အိမ်မှာ ...အလုပ်သမားတွေရှိနေတာပဲ့"

‌"မောင်ကလဲ ..ထယ် တကယ်ချက်ကျွေးချင်လို့ပါဆို"

"အင်းပါ..ကောင်းပါပီ ဂူဂူလေးရော"

"အိမ်ရှေ့မှာ ထင်တယ် ..ဂူဂူရေ ဂူဂူ"

"ဗျာ..ပါးပါး"

"ဒယ်ဒီနဲ့ အလုပ်လိုက်သွားမလား..ပါးပါး အိမ်မှာ ဟင်းချက်ကျန်ခဲ့မလို့ ..နေ့လည်ကျ ပါးပါး နေ့လည်စာ လာကျွေးမယ်နော်"

"ဟုတ်..ပါးပါး..ပါးပါးလက်ရာကို ဂူဂူ မစားရတာကြာပီ..လွမ်းနေတာ"

"အင်း..အာ့ဆို ..ဒယ်ဒီနဲ့ လိုက်သွားလိုက်နော်..ပါးပါး စပယ်ရှယ် ချက်ကျွေးမယ် "

"ဟုတ်ကဲ့ ပါးပါး"

"ထယ် ..မောင်တို့ သွားတော့မယ်နော်..နေ့လည်ကျ မောင်လာခေါ်ရမလား"

"ရတယ် မောင် ..ထယ် ..ကားငှားလိုက်လာမယ်..မောင်သာအလုပ်သေချာလုပ်နော်"

"မောင်လာခေါ်မယ် ထယ်ရယ်"

"ရပါတယ်ဆို မောင်ကလဲ"

"အင်း ပါ အာ့ဆို လဲ မောင်တို့ သွားပီ..လာ ဂူဂူလေး"

ဂျောင်ဂု ဂူဂူ့လက်ဆွဲကာ ကုမ္ပဏီသို့ ကားမောင်းထွက်လာလိုက်သည်။ဒီ‌ေန့ထယ်ယောင်း ဂျောင်ဂုတို့ကို နေ့လည်စာချက်ကျွေးချင်လို့ အိမ်မှာ ဟင်းချက်ကျန်ခဲ့သည်။အလုပ်သမားလေးနှစ်ယောက်က နံဘေးက ကူပေးနေသည်။ဂျောင်ဂုတို့အိမ်မှာ မိန်းကလေး အလုပ်သမား မခန့်ပေ။ဂျောင်မင်က ဓာတ်ပုံကိစ္စနဲ့ မနက်အစောကြီးတည်းက ထွက်သွားသည်။အိမ်မှာ ထယ်ယောင်းနဲ့ ဂျွန်ကတော် နှစ်ယောက်တည်း။

"မဂ်လာပါ စီအီးအို"

"ဟုတ်ကဲ့ မန်နေဂျာလီ ဒီနေ့ရော ဘာအစီအစဉ်ရှိလဲ"

မောင့်မူပိုင်💜 (Completed)Where stories live. Discover now