Part 1💛

15.4K 510 5
                                    


ဧရာဝတီတိုင်းဟုပြောလျှင် ရွှေဝါရောင်စပါးခင်းများနှင့် တွဲ၍မြင်ကြလိမ့်မည်။ မြန်မာနိုင်ငံ စပါးထွက်ရာဒေသဖြစ်သည့် နေရာတွင် ဘေးဘီမည်သည့်နေရာကြည့်ကြည့် စပါးခင်းများသာ။

သဘာဝလေရရန် ကားမှန်တံခါးချထားတာကြောင့် စပါးခင်းများဖြတ်သန်းကာ တိုက်ခတ်လာသည့် လေများက စပါးရနံသင်းသင်းလေး။ ကားဘေးပတ်ဝန်းကျင်အား ပန်းချီဆွဲလျှင် ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်ရလာလိမ့်မည်။

"အကိုရေ အစုကြီးကျေးရွာက ဘယ်လိုသွားရမလဲဗျ။''

"ရှေ့မှာ လမ်းဆုံတွေ့ရင် ညာဘက်ချိုးပြီး တည့်တည့်သာသွားလိုက်။''

လမ်းမသိတာကြောင့် တွေ့သည့်သူကိုမေးရသေးသည်။ ညာဘက်ချိုးကာ မောင်းလာသည့် လမ်းတွင်လည်း စပါးကွင်းများဖြင့် ပြည့်နေခဲ့သည်။ အဆုံးမဲ့ ရွှေဝါရောင်စပါးခင်းများ။

ကားပေါ်မှ ခေတ္တခန ဆင်းကာ ရန်ကုန်သားတွေမြင်ရန် ခဲယဉ်းသည့် ဝါဝါထိန်ထိန် စပါးခင်းများနှင့် ဓာတ်ဖမ်းလိုက်သည်။ ရွာလမ်းအဝဟု ထင်ရသည့်နေရာတွင် အရိပ်ရအပင်မျိုးစုံပေါက်နေသည်။

အပင်အောက်ရေချမ်းစင်လေးက ကြည့်ရုံနှင့်ပင်အေးမြမြ။ ခပ်လှမ်းလှမ်းနားတွင် ခရစ်ယာန်ကျောင်းရှိနေပြီး လမ်းဆုံ ထပ်ရောက်လာပြန်သည်။ ဘယ်သည်လား။ ညာသည်လား။

လမ်းဆုံလမ်းခွတွင် ကားထိုးရပ်လိုက်ပြီး မေးရမည့်သူရှိမရှိ ရှာကြည့်သည်။ မည်သူမျှမရှိ။ ကားခေါင်းကိုနောက်မှီထိုင်ကာ တစ်ယောက်ယောက်ထွက်လာမည်ကိုမျှော်လင့်ရင်း၊ စပါးခင်းများနှင့် ကိုလူချော ဆိုသည့် ကပ်ပရှင်ဖြင့် ဖေ့စဘုတ်ပေါ်ပုံတင်လိုက်သည်။

လိုင်းဆွဲအား သိပ်မကောင်းသည်မို့ ကြာသည်။ နာရီဝက်လောက်ရှိသည့်အခါ ဘယ်ဘက်လမ်းကနေ ယောင်ပေစူးနှင့် ကောင်လေးတစ်ယောက် ဟိုခဲလုံးကန်၊ ဒီအပင်ဖျက်ဆီး။ ဆူဆူပုတ်ပုတ်မျက်နှာနှင့်ထွက်လာသည်။

"ဟေ့ ကောင်ငယ်လေး။''

သူ့ဆီလာနေသည်ကိုသိသော်လည်း သိသာစေရန်လှမ်းအော်ကာ ခေါ်လိုက်သည်။ ပေကပ်ကပ်ပေစောင်းစောင်း မျက်နှာက တစ်ခုခုအလိုမကျပုံ။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now