Part 8💛

1.8K 152 6
                                    

အိမ်ထဲ အမေ က ငရုတ်သီးလှော်နေသည်မို့ ဥသြ တို့ခြံထဲထွက်ကာ စာလုပ်ရသည်။

"ဥသြ။ နွေဥသြ။''

ဝင့်ဝါ နဲ့ ရွှေရည် နှစ်ယောက်သား စာအုပ်လေးတွေပိုက်ကာ ရောက်လာကြသည်။

"ဟို နင် စိတ်မဆိုးရင် ငါတို့ စာအတူ လုပ်လို့ရမလား။''

ပြောရုံသာဖြစ်ပြီး ဥသြ ခွင့်ပြုချက်မပေးခင်မှာတင် ဝင့်ဝါ နဲ့ ရွှေရည် က ဝင်ထိုင်ပြီးနှင့်သား။ ဥသြ ဘေးနားမှ ခုံတန်းအားမည်သူမှ ဝင်မထိုင်ကြဘဲ၊ မဟာ့ ဘေးမှနေရာအား ဝိုင်းလုနေကြသည်။ နှစ်ယောက်သား အလုကောင်းမှုနဲ့ မဟာ မြေကြီးပေါ်ပြုတ်ကျသွားသည်။

"ဆရာလေး။''

"ဆရာလေး။''

"ဝါးဟားဟား။''

ရွှေရည် နဲ့ ဝင့်ဝါ က စိုးရိမ်သွားကြသော်လည်း ဥသြ ကတော့ တဟားဟားအော်ရယ်တော့သည်။ မဟာ က ဥသြ အားကြည့်ကာ လုပ်ပြုံးပြုံးပြီး သူ့ဘေးနားဝင်ထိုင်လိုက်သည်။

"ဆရာ့ ချစ်တပည့်လေးက ဆရာ့ကို ရယ်တယ်ပေါ့။ စာတွေသိပ်ရနေပြီဆိုတော့ ဆရာ့ကို လှောင်ဖို့အားရှိနေတာ''

ဥသြ ရယ်ချင်ပက်ကျိမျက်နှာနှင့် နှုတ်ခမ်းအတင်းစေ့ထားကာ မရယ်မိစေရန် ကြိုးစားနေသည်။

"ကဲ ခုကျက်နေတဲ့ physics definition လေး ဆရာ့ ဆီ အလွတ် ဆိုရအောင်။''

"ဟာ ခင်ဗျား သပ်သပ်ညစ်ပတ်ပြီ။ ခုကျက်နေပါတယ် ဆိုမှ ဘယ်လိုလို့ရအုံးမှာလဲ ဗျ။ ခင်ဗျား ရှက်ရမ်းရမ်းပြီး ကျုပ်ကို လာမပတ်နဲ့။''

ဝင့်ဝါ က ဥသြ စာအုပ်အား တစ်ချက်လှမ်းကြည့်ကာ မဟာ့ ကို အားကျိုးမာန်တက်နဲ့ပြောလေသည်။

"ဆရာ ဝင့်ဝါ ရတယ်။ ဝင့်ဝါ ဆိုပြမယ်လေနော့်။''

ဝင့်ဝါ က အထစ်အငော့မရှိ၊ အမှားလုံးဝမရှိဘဲ၊ ဥသြ ကျက်နေသည့် definition အား လက်တန်းအလွတ်ဆိုသွားသည်။

"တော်လိုက်တာ။ တော်လိုက်တာ။ တစ်စုံတစ်ယောက်နဲ့များ တခြားစီပဲ။''

မဟာ က ဝင့်ဝါ အား လက်ခုပ်တီး ချီးကျူးပြီး နောက်ဆုံး အကြောင်းအား ဥသြ ကို ကြည့်ကာ အသံကိုဖိပြောလိုက်သည်။ မဟာ့ ဆီက ချီးကျူးခံရတဲ့ ဝင့်ဝါ က ရှက်သွားကာ မခို့တရို့လေးပြုံးလေသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now