Part 23💛

1.2K 97 1
                                    

ဖိုးကုလား က စာတစ်စောင်ချန်ကာ ထွက်သွားလေပြီ။ သူ့အမေကတော့ ငိုကြီးချက်မနှင့်။ ဦးသန်းနေ လည်း မြို့ပေါ်တက်ကာ တူတော်မောင်အား ရှာပုံတော်ထွက်ရတော့သည်။ အဖြစ်အပျက်ကမြန်ဆန်လွန်းပြီး၊ မည်သူမှ သတိမထားမိလိုက်ကြ။
မဟာ သည်လည်း ထင်လင်း အားရှာရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ဥသြ အားခေါ်ကာ ပန်းတနော်မြို့ပေါ်တက်သွားသည်။

"ဥသြ ဒီမှာ ဖရဲသီးကြီးတွေကောင်းလိုက်တာ။''

ဥသြ နားမလည်၊ ထင်လင်း အားရှာရန် အဘယ်​ကြောင့် ပန်းတနော်ဈေးထဲရောက်လာသနည်း။ အစုကြီး နှင့် ပန်းတနော်ဈေးက အများကြီးတော့မဝေးပေ။ ကားကို ရသည့်နေရာ ရပ်ထားခဲ့ကာ ဈေးထဲခြေလျင်လျှောက်လာကြပြီး မဟာ က မုန့်ဆိုင်၊ အသီးဆိုင်တွေလိုက်ကြည့်နေသည်။

"အပါး နဲ့ အမိုး အတွက် ဖရဲသီးဝယ်သွားရမလား။''

အစိမ်းရောင် ဖရဲသီးလုံးတွေ ကြားထဲ ရွေးနေရင်း မဟာ က ဥသြ အား လှမ်း၍ပြောသည်။

"ခင်ဗျား ထင်လင်း တို့ကို ရှာဖို့ ဒီကိုလာတာမဟုတ်ဘူးမလား။''

"သေချာတာပေါ့။''

ဖရဲသီးရွေးရင်း မဟာ က အမှတ်တမဲ့ ဖြေလိုက်မိသည်။

"ကျုပ်သိသားပဲ။ ခင်ဗျား လူဆိုးကောင်။''

ဥသြ က စိတ်ဆိုးကာ လှည့်ထွက်သွားသည့်နောက် မဟာ ကိုင်ထားသည့် ဖရဲသီးကို ပြန်ချကာ ပြေးလိုက်ခဲ့သည်။ စကားတစ်စွန်းတစ်စမှ မပြောပါပဲ၊ ဥသြ လက်ကိုလှမ်းဆွဲက ဘေးက အထည်ဆိုင်ထဲ ဝင်သွားပြီး ကရင်တိုင်းရင်းသား အင်္ကျီအား ဥသြ ကိုယ်မှာကပ်ကြည့်ရင်း တော်မတော်တိုင်းကြည့်နေလေသည်။

"အစ်မရေ ဒါလေး ယူမယ်နော်။''

ကရင်အင်္ကျီအား ဆိုင်ရှင်အစ်မကြီးဆီပေးလိုက်သည်။

"ခင်​ဗျား ဘာ​တွေလုပ်​​နေတာလဲ။"

ပိုက်​ဆံထုတ်​ရှင်း​နေတဲ့ မဟာ က ဥသြ အား ကြည့်​ရင်း ပြုံးရုံသာပြုံးပြသည်​။ ထို့​နောက်​ တစ်​ဖန်​ လက်​ဆွဲကာ အနီးရှိ​အ​အေးဆိုင်​ထဲဝင်​သွားပြန်​၏။

"က​လေး ဘာ​သောက်​ချင်​လဲ။ မှာ​လေ။"

"မန်​ကျည်း​ဖျော်​ရည်​ပဲ​ပေးပါ။"

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now