Part 10💛

1.8K 189 12
                                    

ယနေ့ ညနေစာအတွက် ကန်စွန်းရွက်ချက်ရန် ဥသြ နဲ့ မဟာ တို့ ရွာအလယ်ရှိ စမ်းချောင်းဆီ ထွက်လာကြသည်။ တံတားကို တွေ့တိုင်း ဥသြ တင်ပါး ခပ်စပ်စပ်။ မကျေမနပ်နှင့် အရှေ့ကလူအား ကြည့်လိုက်ကာ ခပ်ဆိုးဆိုးအကြံတစ်ခုထွက်လာသည်။

"ဟေ့လူကြီး။''

မဟာ က ဥသြ အား လှည့်ကြည့်တဲ့အချိန် ဥသြ က ပြေးလာပြီး မဟာ့ ကို ချောင်းထဲတွန်းချလိုက်သည်။

''ဟား ဟား၊ ရန်​ကုန်​သားကြီး ရှိုးပဲ့သွားပြီ။''

သို့သော် မဟာ က ရေပေါ်ပြန်မပေါ်လာပေ။ ဥသြ စိုးရိမ်သွားသည်။

"​ဟေ့လူ ခင်​ဗျား ​ရေမကူးတတ်​ဘူးလား။"

ဥသြ အရမ်းစိုးရိမ်​ကာ ​ချောင်းက​နွေရာသီမို့ ​ရေတိမ်​ကာ လူတစ်​​ယောက်​မြုပ်​ရန်​ မစွမ်း​ဆောင်​နိုင်​သည်​ကို​မေ့သွားသည်​။ ​ချောင်းထဲ ဒိုင်​ဗင်​ထိုးခုန်​ချလိုက်​သည်​။ ခပ်​တိမ်​တိမ်​​ရေ​ကြောင့်​ ​ခေါင်းနဲ့ စမ်း​ချောင်းကြမ်းပြင်​ ရိုက်​မိကာ အီ​ဝေသွားသည်​။

ရေငုပ်​ကာ​နေသည့်​ မဟာ က ထိုအခါမှ​ ​ရေ​ပေါ်ပြန်​​ပေါ်လာကာ ဥသြ အားရယ်​​လေသည်​။

"ငတုံး​လေး ​ကိုယ်​က ​ရေနစ်​ပါ့မလား။ ​ရေက တိမ်​တိမ်​​လေးကို။ ရွာခံ ဖြစ်​ပြီး ဒါ​လေး​တောင်​ မသိဘူးလား။"

ဥသြ ​ခေါင်းနာသွားသည်​​ကြောင့်​ မျက်​ရည်​​လေး​တွေစို့​နေသည်​။ မဟာ အား ရှု​တေ​တေ မှုံတုန်​တုန်​ မျက်​နှာနှင့်​ကြည့်​ကာ။

"ဟုတ်​တယ်​။ ကျုပ်​က ငတုံး။ ကျုပ်​တုံးလို့ ခင်​ဗျားကို စိုးရိမ်​မိသွားတာ။"

မဟာ အား ဂရုမစိုက်​​တော့ဘဲ၊ ကန်​စွန်းရွက်​​တွေကို မဟာ အမှတ်​နှင့်​ ​ဆောင့်​ဆွဲကာ အကြင်​အနာမဲ့စွာခူး​နေသည်​။ မဟာ တံ​တွေးမျိုချလိုက်​မိသည်​။

"ဥသြ​လေး၊ ကိုယ့်​ကို စိတ်​ဆိုးသွားတာလား။"

"ကျုပ်​က ငတုံးမို့ ခင်​ဗျားကို စိတ်​ဆိုးရမှာလား။"

အမြစ်​တွယ်​​နေတဲံ ကန်​စွန်းရိုးကို အားနဲ့ဆွဲနှုတ်​ရင်း​ဖြေလိုက်​သည်​။ စိတ်​မဆိုးဘူးဟု​ ပြော​သော်​လည်း နှုတ်​ခမ်း​လေး​တွေ​က တစ်​​တောင်​​လောက်​​ရှေ့ကို​ထော်​ထွက်​​နေသည်​။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now