Part 24💛

1K 81 4
                                    

ဝတ်ရည် က နွားတင်းကုပ်ထဲ မြက်နဲ့ကောက်ရိုးတွေထည့်ကာ နွားစာကျွေးနေသည်။ ရှင့်သွန်း က သူမ အနားရစ်သီရစ်သီဖြင့်။

"ရှင် ဘယ်လိုတွေဖြစ်နေတာလဲ။ ဘာလဲ မြက်စားချင်လို့လား။''

"ဝတ်ရည် လေး ကျွေးတာဆိုရင် မြက် တင်မဟုတ် အဆိပ်ပါသောက်ရဲပါ့နော်။''

ဝတ်ရည် က မြက်ဆုတ် အား ကိုင်ထားပြီး ရှင့်သွန်း အား မျက်လုံးပင့်၍ကြည့်သည်။ ရှင့်သွန်း က စသလို၊နောက်သလိုနှင့် ပါးစပ်ဟကာ အာ ဟုခွံခိုင်းလေသည်။ ဝတ်ရည် လည်း အမြင်ကတ်ကာ လက်ထဲကိုင်ထားသည့် မြက်ဆုတ်အား ရှင့်သွန်း ပါးစပ်ထဲထိုးထည့်လိုက်သည်။

ရေအိုးရွက်လာသည့် ရွှေရည် က တွေ့သွားကာ အော်ရယ်လေသည်။ ထို့နောက် တင်းကုပ်ထဲ မြက်စားနေတဲ့ နွားမအား လက်ညှိုးထိုးကာ ရယ်ရင်း ရှင့်သွန်း ကိုပြောသည်။

"သူနဲ့အတူတူပဲ။ ဟား ဟား။''

ဝတ်ရည် ဆီမှလည်း တခစ်ခစ်ရယ်သံလေးကြားရသည်။ ရှင့်သွန်း က ပါးစပ်ထဲက မြက်တွေကို ထွေးထုတ်ရမယ့်အစား ဝါးစားကာ မြိုချပြလိုက်သည်။ အစက ရယ်နေကြသည့် ညီအစ်မနှစ်ယောက်က ပြောစရာစကားမဲ့ကာ ဆွံအသွားကြသည်။ ရှင့်သွန်း က နှုတ်ခမ်းထောင့်ကို လက်မနဲ့သုတ်ရင်းမျက်လုံးပင့်ကြည့်တော့.....ဝတ်ရည် ဘာရယ်ကြောင့်မသိ ရင်ခုန်သံမြန်လာသည်။

"ဝတ်ရည် ခွံကျွေးတာမို့ထင်တယ်။ ချိုတယ်နော်။''

"အ..အ..အရူးကောင်။''

ဝတ်ရည် စကားများပင် ထစ်ကုန်သည်။ ပါးမို့လေးတွေ နီကာ အိမ်ပေါ်တက်ပြေးသွားသည်။ ရွှေရည် သူ့အစ်မအား အံသြတကြီး မျက်စိတဆုံးလိုက်ကြည့်နေသည်။ ထို့နောက် ရှင့်သွန်း အားပြောလိုက်သည်က။

"မမ ဒီလိုဖြစ်တာ တစ်ခါမှမမြင်ဖူးဘူး။''

ရှင့်သွန်း နှုတ်ခမ်းတစ်ဝက်ပြုံးကာ ကော့တက်သွားသည်။ မကြာခင် သူ့ မမလေးရဲ့ အချစ်ကိုရရှိတော့မည်ကို ကြိုသိနေလေပြီ။
###

စပါးလယ်ကန်သင်းရိုးပေါ်တွင် ထိုင်ရင်း ဥသြ က မဟာ ပြောပြသည့် အကြောင်းအရာကြောင့် အံသြသွားသည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now