Part 18💛

1.4K 123 13
                                    

ဥသြ သင်္ချာတွက်နေတုန်း မဟာ ကဘေးတွင် မဂ္ဂဇင်းဖတ်နေသည်။ ရုတ်တရက် ဥသြ က မျက်နှာခပ်တည်တည်နဲ့ မဟာ့ အားလှမ်းပြောသည်။

"ဟေ့လူ။ ကျုပ် ခင်ဗျားကို မချစ်ဘူး။''

မဟာ့ မျက်မှောင်ကြုတ်ကာ ဖတ်လက်စ မဂ္ဂဇင်းကိုပစ်ချလိုက်သည်။ အားပါသွားသည်ကြောင့် ဥသြ ပင် ကိုယ်လေးတွန့်ကာ လန့်သွားသည်။

"နွေဥသြ မင်း ကိုယ့်မျက်လုံးကို သေချာကြည့်ပြီး ပြန်ပြော။''

ဥသြ မျက်လုံးချင်းဆုံရန် ရှောင်ဖယ်နေမိသည်။ မဟာ က ဥသြ အား တွန်းလိုက်သည်ကြောင့် ထိုင်နေသည့် ကော်ခုံ နောက်ပြန်လန်ကျသွားသည်။

"အား။ သေပါပြီ။''

ဥသြ မျက်လုံးပြန်ဖွင့်ကြည့်သည့်အချိန် မဟာ က သူ့ကို အပေါ်မှ အုပ်မိုးထားကာ ခေါင်းနောက်တွင် လက်ကိုခံပေးထားသည်။ ထို့ကြောင့် နောက်လန်ကျသွားသော်လည်း ခေါင်းမနာခြင်းဖြစ်သည်။

"ကိုယ့်ကို သေချာပြော။''

"နွေဥသြ။ မင်း ကိုကြီးပြန်လာပြီ။''

အခန်းဝက လူရော။ အခန်းထဲက လူနှစ်ယောက်ရော၊ သုံးယောက်သား အကြည့်ချင်းဆုံသွားကြသည်။

"မင်း မင်း မင်းဘယ်သူလဲ။ မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ။''

ဥသြ နဲ့ မဟာ နှစ်ယောက် ဒေါ်ထားရီ နဲ့ ဦးသန်းနေ ရှေ့တွင် ခေါင်းလေးတွေ ငုံ့ကာ မတ်တပ်ရပ်နေကြသည်။ ဘေးက ထင်လင်း က သူတို့နှစ်ယောက်ကို အကဲခတ်နေသည်။ ဦးသန်းနေ က သောက်လက်စ အဖန်ရည်ခွက်ကို အောက်ချကာ မေးခွန်းစလိုက်သည်။

"ကဲ ဘာတွေလဲ။ ဘယ်လိုဖြစ်ကြတာလဲ။''

"ကျတော်က မိုးမဟာ။ ဥသြ ရဲ့ ဆရာပါဗျ။ ရန်ကုန်ကပါ။''

"မင်တို့ တစ်ယောက်ကိုယ်ပေါ် တစ်ယောက်ထပ်ပြီးဘာလုပ်နေကြတာလဲ။''

ထင်လင်း မေးခွန်းက နှစ်ယောက်လုံးကို ကြောက်ချွေးပြန်စေသည်။ မဟာ ဦးသန်းနေ ကို မဝံမရဲလှမ်းကြည့်ကာ စိတ်ထဲပေါ်လာသည်ကိုပြောလိုက်သည်။

"အပြစ်ပေးနေတာပါဗျ။ ဥသြ စာမရလို့ အပြစ်ပေးနေတာ။''

ဦးသန်းနေ က သူ့ကို မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်သည်။ ထိုအချိန်တွင် မဟာ မည်မျှကြောက်နေမှန်း သူကိုယ်တိုင်သာပြောနိုင်သည်။ မထင်မှတ်စွာ ဦးသန်းနေ က ရယ်လိုက်သည်တဲ့။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now