Part 13💛

1.5K 152 8
                                    

ဥသြ ငရုတ်သီးတွေကို တစ်ယောက်တည်းနေလှန်းနေသည်ကို မဟာ မကြည့်ရက်တာကြောင့် ဝင်ကူညီနေသည်။

"ခင်ဗျား ငရုတ်သီးနံ့မခံနိုင်ဘူးမလား။ ဘာလို့ လာကူညီနေတာလဲ။''

"ဒါဆို ကိုယ်က မင်းတစ်ယောက်တည်း ပင်ပန်းအောင် လွှတ်ထားရမှာလား။''

မဟာ က စကားကို ရင်ထဲ ဘယ်လိုထိအောင် ပြောရမလဲသိနေသည်။ ထိုအချက်ကြောင့် ဥသြ နှလုံးသားလေးဟာ အမြဲ နူးညံသွားရသည်။ ဥသြ က ခေါင်းလေးငုံ့ကာ ပြုံးလိုက်မိသည်။ ထိုအပြုံးလေးကို မဟာ ဖမ်းမိသွားသည်ကြောင့် လိုက်ကာပြုံးမိသည်။

တီ တီ။

ကားဟွန်းတီးသံကြောင့် မဟာ ရော၊ ဥသြ ပါ လန့်သွားရသည်။ ကြည်နူးမှုလေး ပျက်စီးသွားသည်ကြောင့် ဥသြ ဒေါသထွက်ထွက်နှင့် ခြံရှေ့လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဘယ်လူက အဲ့လောက် ကားဟွန်းအကျယ်ကြီးတီးနေတာလဲ။''

"ဟျောင့် မိုးမဟာ။ မင်း ငရုတ်သီးလှမ်းနေတာလား။''

အမျိုးသမီးတစ်ယောက် ကားပြတင်းပေါက်မှ ခေါင်းထွက်ကာ မဟာ့ အားလှမ်းအော်သည်။ ဥသြ က ခပ်ကြောင်ကြောင် မျက်နှာလေးနဲ့ မဟာ့ အား လှမ်းလို့ကြည့်သည်။

"ရှင့်သွန်းမောင်။''

သူမက ကားကို ခြံပေါက်ဝပိတ်ရပ်ကာ ကားထဲမှဆင်းလာသည်။ အနက်ရောင်ကုတ် ကို အဖြူရောင်တီရှပ်နှင့် တွဲဖက်ဝတ်ကာ အနက်ရောင်စတိုင်ပန့်နှင့် သူမက အရမ်းမိုက်လွန်းနေသည်။ ခပ်ရှည်ရှည် ဆံနွယ်များကို စီးနှောင်ထားခြင်းမရှိ၊ လွတ်လပ်စွာ ဝဲချထားသည်က သိပ်ကို ကြည့်ကောင်းသည်။

"မင်းကိုပြောတယ်မလား၊ အဲ့လိုမခေါ်နဲ့လို့။ မောင်လို့ပဲ ခေါ်ပါဆို။''

သူမက မဟာ့ အားခပ်ညုညုကြည့်ရင်းပြောလိုက်သည်။ အကြည်စိုက်နေကြသည့် သူတို့နှစ်ယောက်ကြား ဥသြ ဝင်ကာ ဝေးကွာစေရန် နှစ်ယောက်လုံးကို ဘေးတွန်းထုတ်လိုက်သည်။

"ဒီမှာ ခင်ဗျားဟာ ခင်ဗျား၊ မောင်ဖြစ်ဖြစ် မယ်ဖြစ်ဖြစ် ကျတော် စိတ်မဝင်စားဘူး။ ခြံရှေ့က ကားကိုဖယ်ပေး။''

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now