2

2.5K 178 1
                                    

ညနေ ၅ နာရီထိုးတာနဲ့ ဝမ်ဥက္ကဋ္ဌက ရှောင်းကျန့်ကို ရုံးဆင်းစေပြီး သူ့ယာဉ်မောင်းကို ဝမ်အိမ်ကိုလိုက်ပို့စေတယ်။ မနေ့ညက သူအိမ်ပြန်ရောက်ချိန်မှာ သားဖြစ်သူအခန်းကို တံခါးကိုအသာလှပ်လို့ ချောင်းကြည့်လိုက်တယ်။ အရင်ဆိုရင် ဂိမ်းပဲဆော့နေတဲ့ကလေးက စာဖတ်နေတာတွေ့ရတော့ ကျေနပ်သွားတယ်။ ရှောင်းကျန့်က တစ်ကယ်ကို သူ့သားလေးကို ကိုင်တွယ်နိုင်တာပဲ။ သူက သားလေးအတွက် သင့်တော်တဲ့ Guide တစ်ယောက်ရှာတွေ့သွားတာတော်သေးတာပေါ့။

ယာဥ်ကြောပိတ်ဆို့နေတာရယ်ကြောင့် ဝမ်အိမ်ကိုရောက်တော့ ၆ နာရီထိုးတော့မယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်အခန်းတံခါးခေါက်ပြီး ဝင်လိုက်တယ်။ အားရစရာပဲ ကိုယ်တော်လေးက ကုတင်ပေါ်မှာအပူအပင်ကင်းစွာနဲ့ ပိုးလိုးပတ်လက်အိပ်နေလေရဲ့။

ယာဥ်ကြောပိတ်ဆို့နေတာရယ်ကြောင့် ဝမ်အိမ်ကိုရောက်တော့ ၆ နာရီထိုးတော့မယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်အခန်းတံခါးခေါက်ပြီး ဝင်လိုက်တယ်။ အားရစရာပဲ ကိုယ်တော်လေးက ကုတင်ပေါ်မှာအပူအပင်ကင်းစွာနဲ့ ပိုးလိုးပတ်လက်အိပ်နေလေရဲ့။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့်က ဝမ်ရိပေါ်ကို တင်းမာတဲ့လေသံနဲ့ လှုပ်​နှိုးလိုက်တယ်။
"ထတော့! စာသင်ချိန်ရောက်ပြီ။"

ရှောင်းကျန့်က ဝမ်ရိပေါ်မျက်လုံးပွင့်လာတာနဲ့ လက်မောင်းကိုကိုင်ဆွဲပြီး စာကြည့်စားပွဲဆီ ခေါ်လာလိုက်တယ်။ မျက်နှာမှာလည်း အရယ်အပြုံးမဲ့လျက်ပေါ့။ ပုံမှန်​ဆိုရင် ရှောင်းကျန့်က မျက်နှာချိုပြီးဖော်ရွေတဲ့သူပါ။ အခုတော့ ဘာကိုမှအလေးအနက်မရှိတဲ့ သူဌေးသားလေးကို ထိန်းချုပ်နိုင်ဖို့ လူကြမ်းဇာတ်ခင်းနေရတယ်။

ဝမ်ရိပေါ်က အိပ်နေရာက မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လိုက်တယ်ဆိုရင်ပဲ ရှောင်းကျန့်က သူ့ကို အတင်းဆွဲခေါ်လာတာကြောင့် စိတ်ဆိုးသွားပြီး ရွဲ့ပြောလိုက်တယ်။
"အဖေက Guide ရှာပေးတာလား? လူဆိုးရှာပေးထားတာလား?"

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now