13

1.5K 112 6
                                    


ကျိုးချန်ထွက်သွားပြီးတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို သိချင်တာထပ်မေးရတယ်။
"ကဲ ပြောဦး... ဘယ်လိုက ဘယ်လို ဒီရောက်လာတာလဲ"

ဝမ်ရိပေါ်က မချိုမချဥ် မျက်နှာပေးနဲ့...
"ဟမ်... ဒီလိုပဲလေ၊ ဖေဖေ့ကို US မှာကျောင်းတက်ချင်လို့-လို့ ပူဆာရတာပေါ့...
ပြီးတော့........."
စကားကိုရပ်လိုက်ပြီး ရှောင်းကျန့်ကို မကြည်သလိုအကြည့် ပစ်ပေးလိုက်ပြီးမှ
"မပြောမဆို ရိပေါ့်ကို ပစ်ပြေးသွားတဲ့ ရည်းစား​ကို လိုက်ဖမ်းဖို့ပေါ့-- ဟွန့်!"

ရှောင်းကျန့်လည်း အပြစ်ရှိသူလို ခံစားသွားရပြီး ဝမ်ရိပေါ်ကိုလည်း သနားသွားရတယ်။ သူက ဝမ်ရိပေါ်ရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ညှိုးငယ်တဲ့ မျက်နှာနဲ့ တောင်းပန်လိုက်တယ်။
"ဝမ်ဝမ့်ကို ပစ်သွားတာမဟုတ်ရပါဘူး~~ ဝမ်ဥက္ကဋ္ဌက ကိုယ်တို့အကြောင်းသိသွားလို့ ကိုကို့ကို ဝမ်ဝမ်နဲ့ဝေးရအောင် ဒီကိုပို့တယ်လို့ ထင်လိုက်တာ။ ဝမ်ဝမ်သိတဲ့အတိုင်း ကိုကို့​မှာက တတ်နိုင်တာမရှိဘူးလေ~ ကံကြမ္မာအလိုကျပေါ့ ~~ ကိုကို့ကို ခွင့်လွှတ်ပါ~ နော်~"

ဝမ်ရိပေါ်က ရှောင်း​ကျန့်မျက်နှာမကောင်းတာနဲ့ မနေတတ်တဲ့သူလေ...
"အင်းပါ... အခုလိုဆိုတော့ ကိုကို​ထင်​သလို ဖေဖေက ဝမ်ဝမ်တို့ကြိုက်နေတာ မသိလောက်ဘူး! ဒါ့ကြောင့်... ဝမ်ဝမ့်ကို ဒီကိုပို့လိုက်တာပေါ့... "

ရှောင်းကျန်လည်း စိတ်သက်သာရာရသွားတယ်။
*အင်း ဟုတ်မှာပါ။ မဟုတ်ရင် သူ့သားကို ငါ့ကိုစောင့်ရှောက်ဖို့ ဘယ်အပ်မလဲ။ သူ့အစ်ကိုကိုပဲ အပ်မှာပေါ့*

မနက်စာစားပြီးတာနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဆေးတိုက်ပြီး အနားယူစေလိုက်တယ်။ ဝမ်ရိပေါ်က အတင်း ပန်းကန်တွေဝင်ဆေးနေလို့ သူ့(ဝမ်ရိပေါ်) အိပ်ခန်းထဲကို မနည်းကြီးတွန်းပို့လိုက်ရတယ်။ ဝမ်ရိပေါ်က အခုဆို သူ့ရဲ့နားရွက်နားအထိ အရပ်ရှည်လာပြီ။ နောက်ဆိုဒီကလေး ဒီထက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မနက်စာစားပြီးတာနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဆေးတိုက်ပြီး အနားယူစေလိုက်တယ်။ ဝမ်ရိပေါ်က အတင်း ပန်းကန်တွေဝင်ဆေးနေလို့ သူ့(ဝမ်ရိပေါ်) အိပ်ခန်းထဲကို မနည်းကြီးတွန်းပို့လိုက်ရတယ်။ ဝမ်ရိပေါ်က အခုဆို သူ့ရဲ့နားရွက်နားအထိ အရပ်ရှည်လာပြီ။ နောက်ဆိုဒီကလေး ဒီထက် အရပ်ရှည်လာဖို့ပဲရှိတယ်။

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now