4

2K 143 1
                                    

ရှောင်းကျန့်မှာ ဝမ်ရိပေါ်ရဲ့ အပေါ်ထပ်အင်္ကျီကိုပဲချွတ်ပေးလိုက်နိုင်ပါတယ်။ အောက်ခံ စွပ်​ကျယ်လေးနဲ့ ဖွေးဥနေတဲ့ အသားအရည်တွေပေါ်လာတာနဲ့တင် ရှောင်းကျန့်မှာ စိတ်လှုပ်ရှားလို့ တံတွေးအခါခါမျိုချနေရတယ်။ ယောက်ျားလေးအချင်းချင်း ဘာလို့ဒီလိုမျိုးစိတ်လှုပ်ရှားလွယ်နေရတာလဲ။ ရှောင်းကျန့် တက္ကသိုလ်ကျောင်းသားဘဝ အဆောင်နေတုန်းက ကျောင်းသားအချင်းချင်း မရှက်မကြောက် သူ့ရှေ့ချွတ် ငါ့ရှေ့ချွတ်နဲ့ အကုန်လုံးမြင်ဖူးနေကြ။ ဝမ်ရိပေါ်နဲ့ကျမှ ကတုန်ကယင်​ဖြစ်လို့​။ ဝမ်ရိပေါ်နဲ့ကျမှ---

ရှောင်းကျန့်မှာ ဝမ်ရိပေါ်ရဲ့ အပေါ်ထပ်အင်္ကျီကိုပဲချွတ်ပေးလိုက်နိုင်ပါတယ်။ အောက်ခံ စွပ်​ကျယ်လေးနဲ့ ဖွေးဥနေတဲ့ အသားအရည်တွေပေါ်လာတာနဲ့တင် ရှောင်းကျန့်မှာ စိတ်လှုပ်ရှားလို့ တံတွေးအခါခါမျိုချနေရတယ်။ ယောက်ျားလေးအချင်းချင်း ဘာလို့ဒီလိုမျိုးစိတ်လှုပ်ရှားလ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရေချိုးကန်ထဲရောက်သွားတာနဲ့ ဝမ်ရိပေါ်ခမျာ ရေအေးအေးကြောင့် လန့်သွားရပြီး ရှောင်းကျန့်ကိုလှမ်းကြည့်လာတယ်။ ပန်းသွေးရောင်သမ်းနေတဲ့ နှုတ်ခမ်းကပွင့်ဟလျက်။ ရှောင်းကျန့်မှာ အာခေါင်တွေခြောက်သွေ့လာသလိုဖြစ်လာရတယ်။ မြန်မြန်ပဲ အကြည့်ကိုလွှဲလိုက်ပြီး ပြောလိုက်တယ်။
"အဟမ်း! အန်ဖက်တွေပေနေလို့ အင်္ကျီချွတ်ပေးထားတာ။ မြန်မြန်ရေချိုးလိုက်။ အအေးမိမယ်"

ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ကို အားနာသွားရတယ်။
"ဟုတ်! ဒါနဲ့ ကျနော့်ကို ဝတ်စုံတစ်စုံလောက်ယူပေးပါလား"

ရှောင်းကျန့်လည်း သူ့တိုက်ခန်းတစ်ခန်းစာလောက်ရှိတဲ့ ရေချိုးခန်းကထွက်လာပြီး ဝမ်ရိပေါ်ရဲ့ဘီဒိုကိုဖွင့်လို့ မြင်တွေ့နေကျ အဝတ်တစ်စုံထုတ်ကာ သွားပေးလိုက်တယ်။ ဝမ်ရိပေါ် ချော်ချက်လဲမှာစိုးလို့ ရှောင်းကျန့်က တံခါးအပြင်ကနားစွင့်ထားမိတယ်။ ခဏကြာတော့မှ ဝမ်ရိပေါ်က ထွက်လာ​တယ်။ တံခါးအပြင်မှာစောင့်နေတဲ့သူ့ကိုတွေ့တော့---
"အစ်ကိုပြန်သွားပြီထင်နေတာ"

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now