10

1.5K 122 13
                                    

ရှောင်းကျန့်နဲ့ ကျိုးချန်တို့ ညစာစားပြီး အလုပ်နဲ့ပတ်သတ်တာတွေ ဆွေးနွေးကြတယ်။ ပြီးနောက် အိပ်ယာဝင်ခဲ့ကြတယ်။ ရှောင်းကျန့်က မအိပ်ခင် ဖုန်းကိုယူလိုက်ပြီး ဝမ်ရိပေါ်ဆီဖုန်းဆက်ရန် ချီတုံချတုံဖြစ်နေတယ်။ ရှောင်းကျန့်ကစလို့ ဝမ်ရိပေါ်ကို ဖုန်းခေါ်ရတာမရှိသလောက်ပဲ။ မဟုတ်ဘူး။ ရှိကိုမရှိခဲ့တာပါ။ ဘာလို့ဆို ဝမ်ရိပေါ်ကချည်း စ,ဆက်တာလေ။ ဒါပေမယ့် အခုတော့ သူ စ,ဆက်ရမှာပေါ့။ ရှောင်း​ကျန့် ဖုန်းဆက်မယ်ကြံတုန်း ဖုန်းဝင်လာတယ်။

"ဟယ်လို ကျိလီ"

"ရှောင်းကျန့်! ရောက်သွားပြီလား။ ခုချိန် မင်း နားနေပြီထင်လို့ဆက်လိုက်တာ"

"အင်း.. ခုပဲ ညစာစားပြီး အိပ်တော့မလို့"

"နေရတဲ့ နေရာရော အဆင်ပြေလား"

"အင်း... အတိုင်းထက်အလွန်ပဲ"

"ဟုတ်လား! ငါလည်း လာချင်လိုက်တာ"

"အင်း... လာခဲ့လေ။ ငါရှိနေမှာပဲ"

"အေး... မင်း အခြေကျရင် ငါ လာလည်မယ်။ အခု​ကတည်းက ပိုက်ဆံစုထားရမယ်။
အာာာာာ... မင်းသွားတာ ဘာလို့ မင်းတပည့်လေးကိုပြောမသွားတာလဲ။ အဲ့ကလေး ကုမ္ပဏီကိုရောက်လာတယ်။ မင်းကိုလာရှာတာလေ။ မင်း US သွားတယ်လဲဆိုရော ငေါင်တောင်တောင်လေးဖြစ်သွားတယ်။ သနားစရာကွာ။
မင်း... သူ့ကို ဖုန်ဆက်လိုက်ဦး။
ဒါပဲကွာ... ဖုန်းဘေလ်ကစျေးကြီးတယ်။
Good Luck ဟေ့​ရောင်"

"အင်း ကျေးဇူး"

ရှောင်းကျန့် ကျိလီနဲ့ဆက်ပြီးတာနဲ့ ဝမ်ရိပေါ်ကို ဖုန်းခေါ်လိုက်တယ်။
ဒါပေမယ့် စက်ပိတ်ထားသည်တဲ့။ ရှောင်းကျန့်က ထပ်ခေါ်ကြည့်တယ်။ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်။ ဘာလဲ ဒီကောင်လေးက သူ့ဖုန်းကို ဘလော့ခ်လိုက်တာလား? သူ့ကို လက်စားချေတာလား? ရှောင်းကျန့် အောင့်သက်သက်နဲ့ ရယ်မိတယ်။
'ဟက်!'

××××

ဝမ်ရိပေါ် အဖေဖြစ်သူနဲ့ စကားပြောပြီး မနက်စာစားပြီနောက် သူ့အခန်းထဲပြန်လာလိုက်တယ်။ အခန်းထဲရောက်တာနဲ့ လက်သီးလေးစုပ်လို့ ပျော်ရွှင်စွာခုန်ပေါက်နေလိုက်တယ်။
"Yesssssssssss!!!!!"
!! ခရက် !!
" အားးးးးးးး !!!!!! သွားပါပြီ! ငါ့ ဖုန်းလေး~~~"
ဟုတ်ပါတယ်။ အခုန်ကောင်းတာနဲ့ လက်ထဲက ဖုန်းက အရှိန်နဲ့လွတ်ထွက်သွားကာ ကြမ်းပြင်ပေါ်ကျသွားတာပါ။
'မဖြစ်ဘူး... မြန်မြန်ပြန်ပြင်ရမယ်။ ဒီထဲမှာ ကိုကိုနဲ့ အမှတ်တရတွေအများကြီး'
ဝမ်ရိပေါ်က အလျှင်အမြန်ပဲ အပြင်ထွက်ဖို့လုပ်လိုက်တယ်။
"သား... ဖေဖေနဲ့ တစ်ခါတည်းလိုက်ခဲ့လေ။ သင်တန်းထိလိုက်ပို့ပေးမယ်"
"ရတယ် ဖေဖေ။ သားဘာသာပဲသွားလိုက်မယ်"
ဖခင်ဖြစ်သူမှ မယုံသလိုကြည့်လာ၍ အသည်းအသန် ရှင်းပြရတယ်။
"သား တစ်ကယ်သွားမှာပါ။ သားပေးထားတဲ့ ကတိကိုမမေ့ပါဘူး။ အခု ဖုန်းကွဲသွားလို့ ဖုန်းအရင်သွားပြင်မလို့"

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now