"မင်းတို့နှစ်ယောက်နော် ငါမပြောချင်တော့ဘူး... လွန်လွန်းတယ်..... ငါကတော့ မင်းကို ဆိုးတူကောင်းဖက် သူငယ်ချင်းဖြစ်နေပြီလို့ထင်ထားတာ...
ပြီးတော့ ဟိုတစ်ယောက်! ငါ့ကို သူများရှေ့ရောက်ရင် ညီအစ်ကိုလို့မပြောနဲ့! "
ကျိုးချန်က ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကို စိတ်တိုတိုနဲ့ ပြောဆိုလိုက်တယ်။ နေ့လည်စာစားဖို့ အပြင်ဆိုင်ကိုထွက်သွားတာ သူ့ကိုကျမေ့ထားခဲ့တယ်။ဝမ်ရိပေါ်ကလည်း ချက်ချင်းခွန့်တုန့်ပြန်တယ်။
"မပြောပါဘူး! ဟွန့်!"ရှောင်းကျန့်ကတော့ သူလွန်သွားမှန်းသိတယ်။ ဒါကြောင့်...
"အေးပါကွာ ငါတောင်းပန်ပါတယ်။ မင်းက ထမင်းစားလို့ကုန်ခါနီးပြီဆိုတော့... ငါလည်းမခေါ်မိတာပါကွာ... မင်းကြိုက်တဲ့ ပီဇာဝယ်လာပေးတယ်လေနော်...""အေးပါ... ပီဇာကြောင့်ခွင့်လွတ်လိုက်မယ်"
ဝမ်ရိပေါ်က ခနဲ့တဲ့တဲ့နဲ့ ...
"ကော်ဖီပါ အဆစ်ပါတယ်နော်!""ကဲ, ရိပေါ်... လာ, အလုပ်ပြန်လုပ်ကြရအောင်"
ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ ကျိုးချန်ရဲ့ ရုံးခန်းကထွက်လာလိုက်ကြတယ်။ရှောင်းကျန့်မှာ ကျိုးချန်ကိုမေ့ပြီး ဝမ်ရိပေါ်နဲ့အတူ ထွက်သွားမိတာ စားသောက်ဆိုင်ရောက်မှ သတိရတယ်။ ဝမ်ရိပေါ်နဲ့ပတ်သက်လာရင် ရှောင်းကျန့်က ဘေးလူတွေကို ဂရုမစိုက်တတ်သလိုဖြစ်နေပြီ။ ဒါ့ကြောင့် ကျိုးချန်စိတ်ဆိုးနေမှာသိလို့ သူကြိုက်တဲ့ ပီဇာဝယ်လာပေးပြီး ချော့လိုက်ရတယ်။
ကျိုးချန်က သူ့ရုံးခန်းထဲက ထွက်သွားသူနှစ်ယောက်ရဲ့ ကျောပြင်တွေကိုကြည့်ရင်း ကြိတ်ပြုံးလေးပြုံးရင်း...
*မင်းတို့ခေါ်လည်း ငါ့မှာ လိုက်ဖို့အချိန်မရှိဘူး။ အဟက်! ဘာပဲဖြစ်ဖြစ် ပီဇာကအမြတ်ပဲ*
ကျိုးချန်က ပီဇာဘူးကိုဖွင့်ကြည့်လိုက်ပြီး မျက်နှာမှာ ကျေနပ်တဲ့ အပြုံးကြီးဖြစ်ပေါ်သွားတယ်။ ပြီးတော့အားပါးတရ ယူစားလိုက်တယ်။
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်