14

1.3K 111 6
                                    

ဒီနေ့ ထုတ်ကုန်အသစ်နဲ့ပတ်သက်ပြီး meeting ရှိတာကြောင့် ရှောင်းကျန့်နဲ့ ကျိုးချန် အိမ်ပြန်နောက်ကျတယ်။ အိမ်တံခါးပွင့်သွားတာနဲ့ ရှောင်းကျန့်က အိမ်ထဲကို ဝေ့ဝဲကြည့်လိုက်ပြီး တစ်စုံတစ်ယောက်ကို အရင်ရှာဖွေမိတယ်။ တွေ့ပါပြီ သူ့ရဲ့ နှစ်ယောက်​မရှိတဲ့ ရည်းစားလေးက ဆိုဖာထိုင်ခုံပေါ်မှာ အိပ်ပျော်နေတယ်။ TV ကလည်းပွင့်လျက်။ ရှောင်းကျန့်က အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ရင်း ပြုံးမိသွားရတယ်။

ဒီနေ့ ထုတ်ကုန်အသစ်နဲ့ပတ်သက်ပြီး meeting ရှိတာကြောင့် ရှောင်းကျန့်နဲ့ ကျိုးချန် အိမ်ပြန်နောက်ကျတယ်။ အိမ်တံခါးပွင့်သွားတာနဲ့ ရှောင်းကျန့်က အိမ်ထဲကို ဝေ့ဝဲကြည့်လိုက်ပြီး တစ်စုံတစ်ယောက်ကို အရင်ရှာဖွေမိတယ်။ တွေ့ပါပြီ သူ့ရဲ့ နှစ်ယောက်​မရှိတဲ့ ရည်းစားလေး...

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

*ကြည့်ပါဦး ဘယ်လောက်ချစ်ဖို့ကောင်းလဲ*

*ကြည့်ပါဦး ဘယ်လောက်ချစ်ဖို့ကောင်းလဲ*

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

"ဒီကောင်လေးက အိပ်ကောင်းနေတယ်ပေါ့"

ကျိုးချန်က ပွစိပွစိပြောရင်း ဝမ်ရိပေါ်ဆီသွားကာ  လှုပ်နှိုးမယ်လုပ်တော့ ရှောင်းကျန့်က အမြန်တားလိုက်တယ်။
"နေ..နေ.. မနှိုးနဲ့"

ဒါပေမယ့် နောက်ကျသွားပြီ။ ကျိုးချန်က ဝမ်ရိပေါ်ရဲ့ ပခုံးကိုကိုင်လှုပ်ပြီးသွားပြီ။
"ရိပေါ်! ထတော့!"

"အာာာာ... ကိုကိုတို့ပြန်ရောက်ပြီလား?"

"ဟင်? ဘာ?"
ဝမ်ရိပေါ်ရဲ့ အိပ်ချင်မူးတူးအသံနဲ့ 'ကိုကို' လို့ပြောလိုက်သလိုပဲ။ ကျိုးချန်က သေသေချာချာမကြားလိုက်တော့ ထပ်မေးလိုက်တယ်။

ချစ်ရည်းစားထားချင်တယ်(Complete)Dove le storie prendono vita. Scoprilo ora