20

1.6K 115 7
                                    

🚨 Include little warning......




ညစာစားပွဲက စည်စည်ကားကားပါပဲ။
လိချင်က ဟင်းပွဲတွေကို တစ်ခုပြီးတစ်ခု မြည်းစမ်းကြည့်ပြီး ရှောင်းကျန့်ကို ချီးကျူးလေတယ်။
"အွမ်းးးးးးးးးးးးး...... အရမ်းစားကောင်းတာပဲ...... ရှောင်းရဲ့ ကောင်မလေးကတော့ အရမ်းးးးးးးး...... ကံကောင်းတာပဲ" လို့ပြောပြီး သူမရဲ့ လက်ချောင်းလေးတွေကို တစ်ချောင်းချင်းချိုးလို့ ဆက်ပြောလေတယ်။
" ရုပ်ကလဲချော.... ပညာကလည်းပြောစရာမလို..... အလုပ်အကိုင်ကလဲကောင်းတဲ့အပြင် ......... အချက်အပြုတ်ကလဲတတ်တော့......
ဟင်းးးးးးးးးးး ငါ ရှောင်းနဲ့တွေ့တာ နောက်ကျသွားတာပဲ......."
လိချင်က သူ့ကိုယ်သူ စိတ်ပျက်သွားတဲ့ ပုံစံနဲ့ မျက်နှာလေးကိုမှိုင်ချလိုက်တယ်။

မုန့်ဇီယီက လိချင်ရဲ့ စကားတွေကြောင့် ရှောင်းကျန့်မှာ ဆိုင်သူရှိမှန်းသိသွားတော့ သူမမျှော်လင့်ချက်မဲ့သွားရပြီလေ။ သူမက ရှောင်းကျန့်နဲ့ နီးစပ်ဖို့ ဒီလိုမျိုး အခွင့်အရေးရတုန်း ကြိုးစားမလို့။ အခုတော့ သူမခြေလှမ်းတောင်မစရသေး.... ရပ်လိုက်ရပြီ။

"ရိပေါ်... နင်... အစ်ကိုရှောင်းကျန့်နဲ့ အတူတူနေတာဆိုတော့ နင်လည်းဟင်းချက်တတ်နေပြီပေါ့"
ရှောင်​ထုံ​က ဝမ်ရိပေါ်ကို လင်းလက်တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်းမေးလိုက်တယ်။

ဝမ်ရိပေါ်က စားနေရင်းက မျက်လုံးလေးလှန်လို့ ရှောင်ထုံကို ကြည့်လိုက်တယ်။ ပြီးတော့ စားတာ ခဏရပ်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး မျက်နှာထိ မျက်နှာထားနဲ့ ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်တယ်။"ဟမ့်! ငါက---- ဟင်းချက်ရမယ်----  အစ်ကို ရှောင်းကျန့်တစ်ယောက်လုံးရှိနေတ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဝမ်ရိပေါ်က စားနေရင်းက မျက်လုံးလေးလှန်လို့ ရှောင်ထုံကို ကြည့်လိုက်တယ်။ ပြီးတော့ စားတာ ခဏရပ်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး မျက်နှာထိ မျက်နှာထားနဲ့ ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်တယ်။
"ဟမ့်! ငါက---- ဟင်းချက်ရမယ်----
အစ်ကို ရှောင်းကျန့်တစ်ယောက်လုံးရှိနေတာကို ငါက ဟင်းချက်တတ်ဖို့ လိုလို့လား?"

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now