12

1.4K 114 5
                                    

ရှောင်းကျန့်က အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ရင်း ဒါဟာ အိပ်မက်​လား ၊ အစစ်လားဆိုတာ ဝေခွဲရခက်နေတယ်။ သူဟာ ကိုယ်ကို ကိုင်းလိုက်ပြီး ဝမ်ရိပေါ်ရဲ့ နဖူးပေါ် ကျနေတဲ့ ဆံစအချို့ကို သူ့​လက်ချောင်းလေးတွေ​နဲ့ ခပ်ဖွဖွလေး သပ်တင်ပေးလိုက်ရင်း ခပ်တိုးတိုးလေး ညည်းတွားလိုက်တယ်။
'မျက်နှာလေးက ချောင်ကျသွားလိုက်တာ~~ ပါးဖောင်းလေးတွေတောင်မရှိတော့ဘူးပဲ~~'

!!ချလောက်!!
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ နဖူးလေးကို ငုံ့နမ်းဖို့လုပ်နေတုန်း တံခါးဖွင့်သံကြားလိုက်ရတော့ ကိုယ်ကမက်ခနဲဖြစ်သွားရပြီး အလိုအလျောက်အခန်းပြင်ကို ဦးတည်ရက်သားဖြစ်သွားရတယ်။

အခန်းတံခါးကို အသာစေ့ပြီးဧည့်ခန်းဘက်ကို အလျင်အမြန်ထွက်လာလိုက်တယ်။
"ကျိုးချန်! ဘယ်သွားနေတာလဲ?"

ကျိုးချန်က အိမ်တံခါးကိုပိတ်ပြီး ဖိနပ်ချွတ်ရင်း ရှောင်းကျန့်ကို မကြည့်ဘဲ စိတ်ပျက်သံကြီးနဲ့ပြောလာတယ်။
"ကျေးဇူးရှင်လေးအတွက် ဆေးသွားဝယ်နေရတာ! ဦးလေးကလည်း သူ့သားမှာ နှလုံးအားနည်းရောဂါရှိတာကို ဒီလောက်ကြာတဲ့ လေယာဉ်​ခရီးကို လွှတ်ရက်တယ်! ပြီးတော့ အဲဒီ ပြောမကောင်းလေးက ဆေးကျန်ခဲ့တယ်တဲ့! လေဆိပ်မှာကတည်းက မမူးလဲရုံတမယ်ပဲ! ဟူးးးးးးးးးးးး မောလိုက်တာ! "

"အာာာာာာာ.... မင်းညီဝမ်းကွဲလား?"
ရှောင်းကျန့်က ဝမ်ရိပေါ်အိပ်ခန်းဘက်ဆီကျောပေးထားရင်း လက်ကိုနောက်ပြန်ပြီး လက်မနဲ့ညွှန်ပြကာမေးလိုက်တယ်။

"အင်း... ဟုတ်တယ်။ မင်းတွေ့ပြီးပြီလား?"

ရှောင်းကျန့်က မလုံမလဲဖြစ်သွားပြီး လက်က ဂုတ်ပိုးကိုပွတ်လိုက်ရင်း
"အဲဒါက အခန်းတံခါးဟနေတာနဲ့ .... ဒီတိုင်း အပြင်ကနေပဲ ကြည့်မိတာ။ သေသေချာချာတော့မဟုတ်ပါဘူး"

ရှောင်းကျန့်နဲ့ ကျိုးချန်တို့ ဝမ်ရိပေါ်ရဲ့အိပ်ခန်းဆီ ဦးတည်လာကြရင်း...
"ရပါတယ်... အဲဒါ မင်းတပည့် ဝမ်ရိပေါ်လေ။ ဦးလေးက အစကတော့ သူ့ကို US မပို့တော့ဘူးပြောပြီး အခုကျ မပြောမဆိုနဲ့ ဒီညနေ လေဆိပ်ရောက်မယ်ဆိုပြီး ဖုန်းဆက်လာတော့ ငါ့မှာ အူးယားဖားယား ပြေးလိုက်ရတာ မင်းအမြင်ဘဲလေ!"

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now