17

1.4K 123 8
                                    

"ဒီနှစ်တော့ နှစ်သစ်ကူးရင် အိမ်ပြန်ရမယ်။ ငါ အိမ်မပြန်ရတာ သုံးနှစ်ရှိပြီ။ ကျောင်းပြီးကတည်းက ဒီက  Wang Group မှာ အလုပ်တန်းဝင်ရတာ"

"အင်း ပြန်လေ။ ငါ ရှိနေတာပဲကို"

"အဟဲ... ငါလည်း မင်းရှိနေလို့ ပြန်လို့ရတာ။ နို့မို့ဆို  ပြန်လို့ရမှာ မဟုတ်ဘူး"
တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးနီးလာပြီ။ ဒါ့ကြောင့် ကျိုး​ချန်​က အိမ်ပြန်ချင်တယ်။

ရှောင်းကျန့်ကတော့ ဦးလေးကလွဲလို့ ဆွေမျိုးမရှိတာကြောင့် ပြန်မနေတော့ဘူး။ ဦးလေးဆီပဲ ငွေလွှဲပေးလိုက်တော့မယ်။ ဝမ်ရိပေါ်ကရော သူ့အဖေဆီ ပြန်ဦးမှာလား???

ရေချိုး ၊ အဝတ်အစားလဲပြီး ထွက်လာတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့ ကျိုးချန် TV ကြည့်ရင်း စကားပြောနေတဲ့ ဧည့်ခန်းကိုရောက်လာတယ်။

"အစ်ကိုတို့ ဘာပြောနေကြတာလဲ?"
ဝမ်ရိပေါ်က ရှောင်းကျန့်ဘေး ကပ်ထိုင်ရင်း မေးလိုက်တယ်။

"ရိပေါ် ဟို​ဘက်မှာ ထိုင်ခုံအလွတ်ကြီး...။ ရှောင်း​ကျန့် လွတ်လွတ်လပ်လပ်ထိုင်ပါစေ"
ကျိုး​ချန်​က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
ဟုတ်တယ်လေ။ ဆိုဖာဆက်တီက ထိုင်ခုံတွေက ငါးလုံးတောင်ရှိတာကို... ။ ပြီးတော့ ရှောင်းကျန့်ထိုင်နေတဲ့ နှစ်ယောက်​ထိုင် ဆိုဖာခုံက အကျယ်ကြီး................။

"ဟာာာာ .... အစ်ကိုကျိုးချန်ကလည်း ရာသီဥတုက ဒီလောက်အေးတာကို... အစ်ကို​ရှောင်း​ကျန့်​နား ကပ်​ထိုင်​တော့ နွေးတာပေါ့! ဟုတ်တယ်မလား? အစ်ကို ရှောင်း​ကျန့်​ရော နွေးသွားတယ်မလား? နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လေ... နော့်!"
ဝမ်ရိပေါ်က ကျိုးချန်ကို မျက်စောင်းခဲ၍ ပြောရင်း ရှောင်း​ကျန့်​ကိုပါ စစ်ကူခေါ်လိုက်တယ်။

 နော့်!"ဝမ်ရိပေါ်က ကျိုးချန်ကို မျက်စောင်းခဲ၍ ပြောရင်း ရှောင်း​ကျန့်​ကိုပါ စစ်ကူခေါ်လိုက်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now