3

2.1K 164 0
                                    

အထက်တန်း ပထမနှစ်နောက်ဆုံးစာမေးပွဲကြီးပြီးလို့ တနင်္ဂနွေနေ့တစ်ရက်မှာ ရှောင်းကျန့်က ဝမ်ရိပေါ်ပူဆာတာနဲ့ ကစားကွင်းလိုက်ပို့ပေးရတယ်။ မနက်ပိုင်း ကစားကွင်းမှာအချိန်ကုန်လို့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားကြပြီးနောက်  ဝမ်ရိပေါ်က  Spiderman ဇာတ်ကားအသစ်ရုံတင်နေလို့ ကြည့်ချင်တယ်လို့ ပူဆာပြန်ရော။ အဲဒီလိုနဲ့ ရုပ်ရှင်ရုံကို ရောက်သွားကြတယ်။ ဝမ်ရိပေါ်က ပေါက်ပေါက်တွေ ကိုလာဘူးတွေဝယ်ပြီး သူ့လက်ထဲလာထိုးထည့်တော့တာပဲ။ တစ်ကယ်ပါ... သူက ကလေးထိန်းပါ။

ရုပ်ရှင်ပြီးတော့ Shopping Mall သွားပြန်တယ်။ ဝမ်ရိပေါ်က နာမည်ကြီး အမျိုးသားဝတ်အထည်ဆိုင်ဝင်လိုက်တယ်။ ရှောင်းကျန့်ကို အင်္ကျီ ဘောင်းဘီတွေ စမ်းဝတ်ခိုင်းပြီး ၃ စုံဝယ်ကာ ရှောင်းကျန့်ကိုပေးလာတယ်။
"ဒါတွေကို ကိုယ်မလိုဘူး"

"အစ်ကို့မှာ  ၃ စုံပဲရှိတာလေ။ ကျနော့်အိမ်လာတိုင်း အဲဒီအဝတ်တွေပဲ ထပ်နေပြီ။ အသစ်လိုတယ်။"

"ရတယ်။ အဲ့ဟာတွေက ဝတ်လို့ရသေးတယ်လေ။ အလက်ကြီးရှိသေးတယ်။ ပြီးတော့ ဒါတွေက စျေးလည်းကြီးတယ်။"
ဟုတ်တယ်။ ဒီဝတ်စုံတွေက အင်္ကျီတစ်ထည်ကိုပဲ သူ့လစာလောက်ရှိနေပြီ။

"ကျနော်က ဝယ်ပေးချင်လို့။ ဒီဝတ်စုံတွေက အစ်ကိုနဲ့လိုက်တယ်။ကြည့်ကောင်းတယ်။ အစ်ကိုက Model လုပ်လို့တောင်ရတယ်။ ယူပါ~နော်~။"

ရှောင်းကျန့်လည်း ရိပေါ်ရဲ့ သနားစဖွယ်မျက်နှာပေးလေးကြောင့် အေးခဲအောင်လုပ်ထားရတဲ့နှလုံးသားလေးက ပျော်ဆင်းသွားတယ်။
"ကောင်းပြီ။ ကောင်းပြီ။ ဒါနောက်ဆုံးပဲနော်။ နောက်ထပ် ဝယ်ပေးတာတွေမလုပ်ရဘူး။"

ဝမ်ရိပေါ်က သွားလေးတွေပေါ်အောင်ရယ်ပြပြီး ခေါင်းတွင်တွင်ငြိမ့်ပြတယ်။ ရှောင်းကျန့်ရင်ထဲ ပုရွက်စိတ်တွေတက်လာသလိုဖြစ်သွားတယ်။

"ဟင်းးးးးးးးးး"
ရှောင်းကျန့် သက်ပြင်းရှည်ကြီးချလိုက်တယ်။ ဝမ်ရိပေါ်ခေါင်းက ဆံပင်တွေဖွလိုက်ပြီး---
"ကဲ--ဒါဆို-- ညစာကို ကိုယ်ဝယ်ကျွေးမယ်။..... ဒါနဲ့ ညစျေးသွားမလား။"

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now