ဝမ်ရိပေါ်က သူနဲ့ မလှမ်းမကမ်းမှာရပ်ပြီး မှိုင်းညှို့နေတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ကိုကြည့်နေတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကို မဖော်နိုင်ဘူး။
*ကိုကိုက ဘာဖြစ်နေတာလဲ? ဝမ်းနည်းနေတာလား? စိတ်ဓါတ်ကျနေတာလား? *ဝမ်ရိပေါ် အတွေးတွေနဲ့ ရှုပ်ထွေးနေတုန်း ရှောင်းကျန့်က သူ့ကိုကျောခိုင်းထွက်ခွာသွားတယ်။ ဝမ်ရိပေါ်က ထိတ်ကနဲလန့်သွားပြီး ရှောင်းကျန့်ဆီပြေးသွားလိုက်တယ်။
"ကိုကို!!!
ကိုကို!!!"
ဝမ်ရိပေါ်က အသံကိုအမြင့်ဆုံးထားပြီး အော်ခေါ်ပေမယ့် ရှောင်းကျန့်က လှည်ကြည့်မလာပါဘူး။ ရှောင်းကျန့်က ခြေလှမ်းကို တစ်လှမ်းချင်းလှမ်းပြီး ထွက်ခွာသွားနေသော်လည်း ဝမ်ရိပေါ်နဲ့ ပိုပိုဝေးသွားတယ်။ နောက်ဆုံး ဝမ်ရိပေါ်ကခြေကုန် လက်ပမ်းကျသွားပြီး ဒူးထောက်လဲကျသွားရတယ်။ ရှောင်းကျန့်ရဲ့ ပုံရိပ်လေးက တဖြည်းဖြည်း ဝေဝါးပျောက်ကွယ်သွားပြီ။ဝမ်ရိပေါ်က ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုချမိတယ်။ လက်တစ်ဖက်ကမြေပြင်ကိုထောက်လို့ လက်တစ်ဖက်ကဆန့်တန်းကာ ရှောင်းကျန့်ကို အာခေါင်ခြစ်ကာ လှမ်းခေါ်နေတုန်းပဲ...
"ကို ကို!!!!!!!!!!!!!!!!"ဝမ်ရိပေါ်က ရှိုက်ငိုလို့ အိပ်ယာကနိုးထလာတယ်။ ဝမ်ရိပေါ်က အိပ်မက်မှန်းသိသွားတော့ မျက်နှာပေါ်က မျက်ရည်တွေကိုသုတ်လိုက်ပြီးဆံပင်တွေကိုလက်နဲ့ထိုးဖွလိုက်ရင်း တစ်ကိုယ်တည်းညည်းတွားလိုက်တယ်။
'တော်ပါသေးရဲ့၊ အိပ်မက်မို့လို့'
YOU ARE READING
ချစ်ရည်းစားထားချင်တယ်(Complete)
Fanfictionရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ်