Part 3 The beginning of Revenge

257 10 0
                                    

နေ့ရက်တိုင်းက သာသာယာယာပါပဲ ကိုယ့်ထမင်းကို စားပြီး သူများသားကို သွားလွမ်းနေရတာ တစ်ခုပါပဲ

သူ့အိမ်ကို ကျွန်မသိပေမဲ့ မိန်းကလေးသိက္ခာမဲ့လောက်အောင်တော့ ကျွန်မ မလုပ်ဘူး ကိုယ့်ခံစားချက်ကို ကိုယ်တစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှ ဖွင့်ဟမပြခဲ့ဘူး ကျွန်မ...

သူတို့လှောင်ရယ်နေမယ့်အသံတွေကို ကျွန်မ မခံစားနိုင်ဘူးလေ
သတ္တိလည်း မရှိခဲ့ဘူး ကျွန်မရဲ့ အချစ်ရေး အချစ်ရာနဲ့ပတ်သက်ပြီးတော့ ...

ဒါကြောင့်လည်း ကျွန်မအချစ်ရေး ကံခေတာပဲလားမသိဘူး
မိန်းကလေးဆိုတော့လည်း စောင့်စည်းရမယ့် အရာတွေကလည်း အများသားမဟုတ်လား ကျွန်မသာ ယောင်္ကျားလေးဆို အရင်ကတည်းက သူ့ကို ဖွင့်ပြောဖြစ်လောက်မလားဘဲ

တစ်ယောက်တည်းပေါက်ကရစဉ်းစားရင်း ကျွန်မရယ်လိုက်မိတယ် သူ့ကြောင့်နဲ့တော့ ကြာရင် ကျွန်မလည်း အတွေးပေါင်းစုံနဲ့စိတ်တွေ ဂယောက်ဂရကိဖြစ်သွားလောက်တယ်

အမြဲကိုယ့်ဘက်က လွမ်းနေရပေမဲ့ ကိုယ့်အလွမ်းလေးရဲ့သက်ဆိုင်သူပိုင်ရှင်ဆိုသူလေးကတော့ ကိုယ့်အလွမ်းတွေကို မရိပ်မိ မသိရှိ ...
ဥပေက္ခာတရားများနဲ့ သူကျင့်သုံးတယ်
ကိုယ့်ရဲ့နှလုံသည်းပွတ်ပေါ်မှာကွယ်...
နေ့စဉ်စောင့်မျှော်လည်း ယောင်လို့တောင် ရောက်မလာခဲ့တဲ့တစ်‌ေယာက်‌ေသာသူအတွက်
ကျွန်မရဲ့ မျှော်လင့်ချက်ရောင်ခြည်လေးဟာလည်း တဖြည်းဖြည်းမှိန်ဖျော့လို့....

သူအကြောင်းလေးများကို ချရေးမိလိုက်တိုင်း ကဗျာလေးတစ်ပုဒ်အဖြစ်သို့ ကူးပြောင်းသွားလေ့ရှိသည်

ကြာရင် သူ့ကြောင့်နဲ့ ကဗျာဆရာပါဖြစ်တော့မှာလား မသိဘူး

သူ့အကြောင်း စဉ်းစားပါများလွန်းလို့ သူက အိပ်မက်ထဲထိပါ ကျွန်မကို လိုက်နှောင့်ယှက်နေပြန်ပြီ အိပ်မက်ထဲမှာ သူအမြဲပြောတယ် ကျွန်မကို ချစ်တယ်တဲ့
အပြင်မှာသာ အဲ့လိုဆို ဘယ်လောက်ကောင်းမလဲလို့ ကျွန်မအမြဲစိတ်ကူးယဉ်မိတယ်

ဒီနေ့လည်း အိပ်မက်ထဲမှာ crushလေးက သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးရှေ့မှာ ကျွန်မကို ဆုလာဒ်လေးတစ်ပါးလို တန်ဖိုးထားကြောင်းပြောနေတုန်းမှာပါပဲ

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now