No Title

130 3 0
                                    

"အချစ်ဟာ လူကို ရင်မောစေတယ် အောင်မြင်ချင်ရင် အချစ်နဲ့ဝေးဝေးနေတဲ့ ပညာရှိစာဆိုတစ်ယောက်က ပြောခဲ့တယ် ဒါပေမဲ့ ကိုယ်ကတော့ အဲ့ဒဿနကို ပြန်ပြင်ချင်တယ်
"အသက်ရှည် အဆင်းလှချင်ရင် အချစ်နဲ့ဝေးဝေးနေ"လို့
ဟုတ်တယ်လေ ကိုယ်ပြောတာ မှန်နေတာပဲ အိမ်ထောင်ကျ အချစ်နဲ့တွေ့သွားတဲ့လူတွေ ကြည့်လိုက် 100မှာ ၉၅ယောက်လောက်က ချုံးချုံးကျနေပြီဖြစ်နေပြီ အချစ်နဲ့စတွေ့တုန်းကပဲ လူက ဖလန်းဖလန်းထတာပဲ ရှိမယ် တွေ့တာကြာလာရင်တော့ လူက မလန်းမလန်းဖြစ်လာဖို့ပဲ ကျန်တော့တယ်
Singleလေးတွေပဲ အသက်တွေကြီးတဲ့ထိ ဖလန်းဖလန်းနဲ့အလန်းစားလေးတွေဖြစ်နေနိုင်သေးတာ"

နင်ကတော့လေ ပြောလိုက်ရင် အဆန်းတွေချည်းပဲ အမြဲလောကနိယာမနဲ့ကို မဆန့်ကျင်ရရင် စားမဝင်အိပ်မပျော်ဘူးထင်တယ်

ကြည်ပြာရဲ့ပြောစကားဟာ ကျွန်မအတွက်တော့ ဖြတ်သွားတဲ့ အင်းဆက်ပိုးမွှားတစ်ကောင်လောက်တောင် အရေးမပါပါဘူး သူနဲ့ကျွန်မဟာ မိုးနဲ့မြေ

ကျွန်မက အပြောနဲ့လက်တွေ့နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့လူ
သူကလည်း ဘာထူးတုန်း ဆန့်ကျင်ဘက်တွေပါပဲ .....
ဟား...ဟား...ဟား....

ကျွန်မက အချစ်ရဲ့မကောင်းကြောင်းတွေ ဒီလောက်သိပြီးထားတာတောင်မှ ဒီအချစ်နွံထဲမှာ ဘယ်ကနေ ဘယ်လိုနစ်မိခဲ့မှန်းကို မသိပါဘူးဗျာ
တစ်ဖတ်သက်အချစ်ဆိုတဲ့ နွံထဲမှာ ၅နှစ်ကျော် ၆နှစ်လောက် မြှုပ်နေခဲ့ရတာ ဘယ်လောက်ရယ်စရာကောင်းလိုက်တုန်း ......ဘယ်လောက်များ လှောင်ရယ်ချင်စရာကောင်းနေလိုက်မတုန်း.....
အခုလွှတ်ချပစ်ချင်ပြီ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ကြီးကို ဆွဲပြီး မှုန်ဝါးနေတဲ့အနာဂတ်လမ်းကြီးကို စမ်းတဝါးဝါးလျှောက်နေရတာ စိတ်ကုန်နေပါပြီလို့
မချစ်တော့တာလား မဟုတ်ဘူး ....
ဒါဆို ချစ်နေသေးတာလား မဟုတ်ဘူး...
ဒီအတိုင်း ဘာခံစားချက်မှ မရှိတော့တဲ့ ဗလာနိတ္ထိခံစားချက်လိုမျိုး
ဘာဆိုဘာမှ မခံစားနိုင်လောက်တော့အောင် ဒီနှလုံးသားဆိုတဲ့ ပျော့ညံ့ညံ့အရာက အေးခဲနေခဲ့ပြီ
ကောင်းတယ်မလား အပြင်ပိုင်းမာကျောသယောင်နဲ့ အမြဲလိုလိုနူးညံ့ခဲ့တဲ့ ဒီနှလုံးသားနဲ့ငါက အခုတကယ်အေးစက်သွားခဲ့ပြီ နွေးထွေးနေတဲ့နှလုံးသားလည်း မရှိတော့ဘူး သေသွားပြီ
မင်းကို ချစ်ခဲ့တဲ့နှလုံးသားလည်း မရှိတော့ဘူး အသွားသာရှိပြီး အပြန်တစ်စက်ကလေးတောင် မရခဲ့တဲ့ မင်းရဲ့တုန့်ပြန်မှုတွေကြားမှာ အေးခဲလို့ သေသွားပြီ
ဘယ်လိုလုပ်မတုန်း မင်းဒီအချိန်မှာ ငါ့ကိုသေလောက်အောင် ချစ်တယ်လာပြောလည်း ငါက ငါမဟုတ်တော့ဘူး
မင်းကိုချစ်ခဲ့တဲ့ တစ်ချိန်ကကောင်မလေးဟာလည်း မင်းရှေ့မှာ ရပ်နေတဲ့ ငါမဟုတ်တော့ဘူး

You've reached the end of published parts.

⏰ Last updated: Mar 22, 2023 ⏰

Add this story to your Library to get notified about new parts!

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now