Part 7 My first lesson

191 9 11
                                    

ကျွန်မသိနေတယ် သူကျွန်မဆီပြန်လာဦးမယ်ဆိုတာ
မကျေပွဲနွှဲဖို့လေ
ကျွန်မရဲ့ပြောစကားတွေပေါ်မှာ သူဆတ်ဆတ်ထိမခံဖြစ်သွားမယ်ဆိုတာ ကျွန်မသေချာသိတယ်
ကျွန်မယုံကြည်အောင် သူလုပ်ပြပြီး နောက်ဆုံးမှာ လှလှပပနဲ့ကျွန်မအသည်းကို ခွဲသွားလိမ့်မယ် ဘယ်လိုလဲ အဆုံးသတ်က ကျွန်မခန့်မှန်းထားသလိုပါပဲမလား
ရုပ်ရှင်၊ဝတ္ထုတွေထဲမှာ အမြဲတွေ့နေကြဇာတ်ဝင်ခန်းလေးလိုမျိုးပေါ့....
သေချာတာတစ်ခုကတော့ ကျွန်မက သူ့ရဲ့မင်းသမီးလေးမဟုတ်ဘူးဆိုတာပဲ
ကျွန်မက ဒီတိုင်းဇာတ်ပို့သာသာပါပဲ သူ့ရဲ့ဇာတ်လမ်းထဲမှာ....

ကျွန်မရဲ့တာဝန်က သူ့ကိုအချစ်အကြောင်း သင်ကြားပို့ချပေးဖို့ပါပဲ

သူ့ရဲ့အချစ်က ဆားမပါတဲ့ဟင်းတစ်ခွက်ဆိုရင် ကျွန်မက သူ့ရဲ့အချစ်ကို လေးနက်စေမယ့် ဆားတစ်တို့ဖြစ်ပေးရလိမ့်မယ်...
ဒါက သူ့အတွက် ကျွန်မ နောက်ဆုံးပေးဆပ်ခြင်းပါပဲ
သူ့ကို သိစေချင်ခဲ့တယ် တကယ့်အချစ်က ဘာလဲဆိုတာ
ကျွန်မကိုယ်တိုင် နာကျင်ခံပြီးတော့ပေါ့

ကျွန်မထင်တဲ့အတိုင်းပါပဲ ညနေကျောင်းဆင်းချိန်မှာ သူရောက်လာခဲ့တယ်

“မိုး....ငါ့အချစ်ကို နင်ယုံအောင် ဘယ်လိုသက်သေပြရမလဲ...နင်ပြောပါ”

“နင်တကယ် သက်သေပြချင်တာလား ဘုန်းမြင့်မြတ်...”

“အင်း...ငါနင်ယုံတဲ့အထိ သက်သေပြချင်တယ် ”

“ကောင်းပြီ..ဒါနင့်ဆန္ဒနော် ငါအတင်းအကြပ်မလုပ်ခိုင်းဘူးနော် ပြီးတော့ နင့်ကို ငါဘာတွေ လုပ်ခိုင်းမိမလဲ မသိဘူး
ပြန်ပြင်ပြောချင်သေးသလားစောနစကားအတွက်....”
ကျွန်မ သူ့ရဲ့ဆုံးဖြတ်ချက် ခိုင်မာ/မမာသိချင်သည့်အတွက် စမ်းသပ်သည့်အနေနှင့် ဤစကားကို ပြောလိုက်ခြင်းဖြစ်သည်
ထိုသူကတော့ ခိုင်မာနေသည့်ဟန်နှင့်

“ငါပြောပြီးသားစကား ငါဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး...”

“ကောင်းပြီ ဒါဆို ကစားပွဲလေးစလိုက်ရအောင်...”

“ငါတစ်ခုတော့ ကြိုပြောထားချင်တယ် အဲ့တာကငါမေးသမျှ မေးခွန်းတွေ အားလုံးကို နင့်စိတ်ထဲရှိသလို အမှန်အတိုင်းဖြေပေးဖို့ပါပဲ ဘယ်လိုလဲ Okလား...”

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now