tPart 8 Second question

176 14 0
                                    

မနက်စောစောမို့ ကန်တင်းတွေ လူများရှင်းလင်းနေသည်
ဤသည်မှာ ကျွန်မအတွက် လုံးဝကံကောင်းမှုကြီးပင်ဖြစ်သည်
အဘယ်ကြောင့်ဆိုသော် ကျွန်မစိတ်ကြိုက်ဝိုင်းတွင် ထိုင်လို့ရသောကြောင့်ဖြစ်သည်
တော်ရုံတန်ရုံမဟုတ်ရင်တောင် အမြဲလူအပြည့်နှင့်ထိုင်စရာနေရာပျောက်တတ်သည့် ဤကန်တင်းတွင် ရွေးချယ်စရာထိုင်ခုံများများရှိခြင်းသည် ကျွန်မအတွက်ကတော့ ကံကောင်းမှုကြီးတစ်ခုလို ပျော်စရာအတိ...

နေရောင်ကောင်းကောင်းရသော သစ်ပင်ကြီးအောက်ဝိုင်းတွင် ကျွန်မတို့ ထိုင်လိုက်ကြသည် ထင်တဲ့အတိုင်း ကျွန်မရွေးချယ်ထိုင်လိုက်ခြင်းပင် ဖြစ်သည်....

"ကဲ...ကန်တင်းရောက်ပြီ နင်ဘာမှာမှာလဲ ဘုန်းမြင့်မြတ်"

"ထောပတ်သီးဖျော်ရည်တစ်ခွက်နဲ့ခေါက်ဆွဲကြော်တစ်ပွဲ..."

"နင်ကော..."

"ငါကတော်ပြီ အိမ်မှာ စားလာခဲ့ပြီးပြီ ပိုက်ဆံကို ချွေတာစုဆောင်းရမယ် ငါထိုင်ဖြုန်းနေလို့မဖြစ်ဘူး"

"အေးပါ သူဌေးလောင်းဖြစ်မယ့်သူရယ်.."
သူ့စကားကြောင့် ကျွန်မရယ်လိုက်မိသည်....

အခုဆိုရင် သူနဲ့ကျွန်မစကားပြောဖြစ်တာ နှစ်ရက်‌ေကျာ် သုံးရက်လောက်ပဲ ရှိသေးပေမဲ့ နှစ်ယောက်သားလေပေးတည့်ကြလို့ ထင်ပါရဲ့ ရှိုးတို့ရှုန်းတန်းနိုင်တာတွေမရှိကြတော့ဘဲ သူငယ်ချင်းများသဖွယ်ဖြစ်လာကြသည်
ကျွန်မစိတ်ထဲတွင် မဆိုးပါဘူး Stranger zoneကနေ ရုန်းထွက်နိုင်ခဲ့ပြီ ငါအခု friend zoneထဲရောက်ပြီကွ ဟု မိမိဘာသာစိတ်ထဲတွင် ကြွေးကြော်နေမိသည်....

"ဘုန်းမြင့် နင်ဘာလို့ ငါ့ကိုသဘောကျတာလဲ..."

"သဘောကျချင်စရာကောင်းလို့ သဘောကျတာလေ အကြောင်းပြချက်တွေ ပေး‌ေနစရာလိုလို့လား..."

"မဟုတ်ဘူးလေ လူတစ်ယောက်ကို သဘောကျရင် အကြောင်းပြချက်ဆိုတာ ရှိရတယ်လေ..
ဥပမာဟာ သူရဲ့မျက်ဝန်းလေးတွေကို သဘောကျတာတို့ အပြုံးလေးတို့ ဒါမှမဟုတ် သူ့ရဲ့နေပုံထိုင်ပုံ တစ်ခုခုပေါ့ဟာ..."

"ဒါကြောင့် နင်ငါ့ကို သဘောကျသွားရတဲ့ အချက်ကို စဉ်းစားပြီး ငါ့ကို သေချာပြောပြ
အကြောင်းပြချက်ရှိကို ရှိရမယ်...."

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now