Part 11 Out of my mind because of him

90 11 0
                                    

"မိုး...နင်အခုတလော ဘာဖြစ်နေတာလဲ စိတ်နဲ့လူမကပ်သလိုပဲ.."

"ဘာမှ မဟုတ်ပါဘူး ငါ ဒီတိုင်းပါပဲ..."

"ဘာလဲ..နင်ဟိုတစ်ယောက်မလာလို့ ကြေကွဲဝမ်းနည်းနေတာတော့ မဟုတ်ဘူးမလား..."

"မဟုတ်ပါဘူး..."

"အံမယ် ငါ ဘယ်သူလဲဆိုတာ နာမည်ထည့်မပြောတာတောင် နင်သိနေတယ်ပေါ့လေ ဟုတ်လား..."

"မဟုတ်ပါဘူး ငါ့ဆီလာတာ သူတစ်ယောက်တည်းပဲ ရှိတာကို..."

"နင့်မျက်လုံးထဲ သူတစ်ယောက်ထဲပဲ ကွက်မြင်နေတာကိုး ..
နင့်ကို နေ့တိုင်း နေ့တိုင်း ချောင်းပေါက်မတတ် လာလာချောင်းကြည့်နေကြတဲ့ကောင်လေးတွေကိုမှ နင်မမြင်ဘူးဆိုတော့ ငါ့သူငယ်ချင်း ရောဂါရင့်နေပြီပဲ...."

ဟုတ်တယ် ငါ့ရောဂါက ကျွမ်းနေပြီ ကုသလို့တောင် မရတော့အောင်....
ငါ့ဘက်က အဆိပ်လူးမြားပစ်မထုတ်ရသေးခင် သူကြည့်လိုက်တဲ့ အကြည့်တစ်ချက်လေးမှာတင် ငါလက်နက်ချခဲ့ရပြီ
ငါ့အတွက် မဟုတ်တဲ့ ဂရုစိုက်ခြင်းတွေကို ငါဘာလို့မျှော်လင့်မိနေခဲ့တာလည်း ငါမသိတော့ဘူး ငါတကယ်ကို သူ့ကြောင့် ရူးနေပြီပဲ

ကျွန်မစိတ်ထဲကသာ စကားလုံးမြောက်မြားစွာ ပြန်ပြော‌ပြနေမိပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ ကျွန်မဟန်ဆောင်ပြုံးလေးတောင် ပြုံးပြဖို့အတွက် ကျွန်မ အားမရှိခဲ့ပါ ကျွန်မစိတ်တွေ လွင့်မျောနေ‌ေလပြီ အကြောင်းပြချက်မရှိ...လေနှင်ရာဝဲနေရတဲ့ စွန်လေးတစ်ခုလိုမျိုး....

သူကျွန်မဆီကို ရောက်မလာတော့တာ တစ်လနီးပါးရှိပြီ
သူတကယ်ကို ကျွန်မကို မေ့နိုင်သွားတာပဲ ကျွန်မ အစထဲက သိပြီးသားပါ
ကစားစရာအသစ်နဲ့ကစားချင်တဲ့ကလေးလေးတစ်ယောက်လိုမျိုးပါပဲ ကျွန်မ ချစ်ရသူက...
အချိန်ကြာလာရင် ဒီကစားစရာလေးကို သူငြီးငွေ့လာမှာပဲလေ....သူဒီလောက်ကျွန်မကို လွယ်လွယ်စွန့်ပစ်သွားနိုင်မှန်း ကျွန်မ မထင်ခဲ့မိတာ တစ်ခုပါပဲ ငယ်သံယောဇဉ်လက်ကျန်လေးနဲ့ သူကျွန်မကို ငဲ့ညာသနားခဲ့မယ်လို့ ထင်ခဲ့တဲ့အတွေးတွေဟာ တကယ်တမ်းလက်တွေ့မှာတော့ တက်တက်စင်အောင် လွဲခဲ့ရုံလေးပါပဲ....
ကျွန်မဆီက အဖြေကို သူဒီလောက်တောင် မစောင့်ဆိုင်းနိုင်ဘူးတဲ့လား....
လွယ်ကူစွာ ပြန်ရနိုင်တဲ့အချစ်တွေဆီမှာပဲ သူသာယာတယ်ထင်ပါရဲ့....
အချစ်ကို တန်ဖိုးမထားတတ်တဲ့သူ့ကို ကျွန်မရဲ့ရင်ထဲမှာ စိုက်နေတဲ့ အချစ်ဆူးတွေ စူးစေချင်ပါရဲ့
ကျိန်စာတိုက်ခြင်းမျိုးမဟုတ်တဲ့ အချစ်ကို ကိုယ်တိုင်ခံစားနားလည်စေချင်ရုံလေးပါ
အချစ်က ကစားစရာမဟုတ်ဘူးဆိုတာကို....

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Où les histoires vivent. Découvrez maintenant