Welcome to the hell

68 7 0
                                    

“တည်ကြည်ရှင်းသန့်...မင်းဘာလုပ်နေတာလဲ အခု....”
ထိုခပ်စွာစွာအသံသည် ကျွန်မတို့မျက်နှာချင်းဆိုင်ကနေ ပြေးလာနေသော ကောင်လေးတစ်ယောက်၏အသံဖြစ်ပေသည်
ထိုသူမှာ တစ်ခြားမဟုတ် ကျွန်မ၏ငယ်ချစ်ဦး ဘုန်းမြင့်မြတ်ပင် ဖြစ်ပါတော့သည်

ကံကြမ္မာဟာ တိုက်ဆိုင်တာပဲလား ကျီစားနေတာပဲလား
ကျွန်မ မသိနိုင်ပါ သိလည်း မသိချင်ပါ အရာအားလုံးဟာ အကြောင်းရှိလို့ အကျိုးဖြစ်ထွန်းလာတာကြည့်ပဲ မဟုတ်လား
ဖြစ်သမျှအကြောင်း အကောင်းလို့သာ ကျွန်မမှတ်ယူထားပါတယ် ဒါကပဲ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖြစ်တည်လာစေခဲ့သလားပဲ
ရှင်တို့ပဲ စဉ်းစားကြည့်ပါဦး

“ငါက ဘယ်သူလဲလို့ လက်စသတ်တော့ မင်းကိုး
ငါဘာလုပ်နေလဲဆိုတော့ အာပူလျှာပူသောက်နေတာလေ မင်းက ဘာလုပ်မို့တုန်း...”

“မင်းထိုင်စရာနေရာ အဲ့လောက်ရှားလား...”

“ဘုန်းမြင့်..မင်းဘာဖြစ်နေတာလဲကွာ ရစ်ချင်လည်း နောက်မှရစ်
ဒီက ကောင်မလေးတွေကို အားနာစရာကွာ...”

“ရပါတယ် ကိုတည်ကြည်ရှင်းသန့်.....ကျွန်မတို့ အခုပဲ သွားတော့မှာပါ...”
ကျွန်မမျက်နှာထက်တွင် အပြုံးလှလှလေးတစ်ခုပန်ဆင်ရင်း ပြောလိုက်သည်

“မိုး...မင်းငါ့ကို အခုထိစိတ်ဆိုးနေတုန်းလား...”

“စိတ်ဆိုးရအောင်လည်း ငါတို့က ကလေးကလားတွေ မဟုတ်ဘူးဘုန်းမြတ်...စိတ်ဆိုးရတဲ့အထိလည်း ငါတို့က အဲ့လောက်ကြီးခင်မင်ရင်းနှီးနေကြတာမှ မဟုတ်တာ ...ငါပြောတာ မှန်တယ်မလား ဘုန်းမြတ်...
ငါအတန်းရှိလို့ သွားလိုက်ဦးမယ်...”
ကျွန်မ လှလှပပလေး ထီမထင်ဟန်အပြည့်နှင့်ထိုသူ၏ အချစ်ကစားပွဲကို ပါးပါးလေးနဲ့ဆတ်ဆတ်လေးရိုက်ခတ်လိုက်နိုင်ပြီလေ
အချစ်တော့ အချစ်ဦးပဲ ဒါပေမဲ့ ငါ့အချစ်ကို စော်ကားလာရင်တော့ ငါက မင်းအတွက် အချစ်ဦးမဟုတ်တဲ့ အချစ်ဆူးကိုပဲ ထုတ်သုံးရလိမ့်မယ် ဘုန်းမြတ်
ငါဆိုတာ မာနအပြည့်နဲ့လူသားမလို့
မင်းမလို့ အရှုံးပေးခဲ့တဲ့ ငါ့နှလုံးသားကို မင်းက အလေးမထားခဲ့ဘူး ဒါကြောင့် ပေါ့ပျက်လို့ အလေးမထားခဲ့ဘူးဆိုရင် လေးနက်လာရင်ရော မင်းတန်ဖိုးထားတတ်လာမှာလားဆိုတာ ငါ့ကို စမ်းသပ်ရလိမ့်မယ်ဘုန်းမြတ်

နောက်ဆုံးအဆုံးသတ်မှာတော့ မင်းနဲ့ငါ့အတွက် တိကျသေချာတဲ့အဖြေတစ်ခုတော့ ရှိမှာပါ
ချစ်ရက်နဲ့လည်း မဝေးချင်သလို မစစ်မှန်တဲ့ချစ်ခြင်းတစ်ခုအတွက်နဲ့လည်း ငါမင်းနဲ့မနီးစပ်ချင်ဘူး
right personမဟုတ်တဲ့ လူတစ်ယောက်အတွက်နဲ့ကိုယ့်အချိန်တွေ အလကားကုန်သွားရရင် နှမြောစရာကြီးမလား
ငါတို့နှစ်ယောက်မှာ ဘယ်သူကWrong person, Toxicဖြစ်လာမှာလဲဆိုတာ ငါအရမ်းသိချင်လိုက်တာ
ကစားပွဲလေးက စိတ်ဝင်စားစရာပါပဲ ကံကြမ္မာကစားပွဲလေးပေါ့ ငါရင်ခုန်နေပါပြီနော်

*************

“မိုး...နင်တကယ်သူ့ကို မချစ်တော့ဘူးလား...”
ကလျာ၏အမေးစကားကြောင့် ကျွန်မပါးမှာ ခပ်လှောင်လှောင်အပြုံးရိပ်တို့ စွန်းထင်းသွားရသည်

“ချစ်တယ်ဆိုတာ ဘာကိုပြောတယ်ထင်လဲ ကလျာ...”

“ဟာ..နင်ကလည်း.. ချစ်တယ်ဆိုတာ အဲ့လူကို သဘောကျလို့ မြတ်နိုးလို့ ကိုယ်နဲ့သေတပန် သက်တစ်ဆုံးအတူရှိစေချင်လို့ မဟုတ်ဘူးလား...”

“မဟုတ်ဘူး အချစ်ဆိုတာ စိတ်ဝိညာဉ်နဲ့ခန္ဓာတစ်ခုလုံးကို တဖြည်းဖြည်းနဲ့အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ခြစ်ချနေတဲ့ လူသတ်လက်နက်ကြီး တစ်ခုလိုပဲ...
ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းနဲ့စိတ်ဝိညာဥ်အထိပါ လှိုက်စားသွားမယ့် သားရဲတွင်းကြီးတစ်ခု
သိပ်ကြောက်ဖို့ကောင်းတယ်
ချစ်နေရတဲ့သူက အရှင်လတ်လတ်ငရဲကျခံနေရသလိုပဲဆိုရင် အချစ်ခံနေရတဲ့သူကရော ဘယ်လိုငရဲမျိုးကျခံနေရတာလဲ...
ငါသိပ်သိချင်တယ်
ငါချစ်တာကို ခံနေရတဲ့သူကရော ဘယ်လိုငရဲမျိုးကို ခံစားနေရသလဲဆိုတာ
အချစ်နဲ့ထိ
တိုက်မိဖူးသူတိုင်းဟာ ပျော်ရွှင်ကောင်း ပျော်ရွှင်ဖူးလိမ့်မယ် ဒါပေမဲ့ နာကျင်ခြင်းကသာ ပိုများတဲ့ ဒီအချစ်ဆိုတဲ့ အရာက အရှင်လတ်လတ်ငရဲကြီး(၈)ထပ်ကို ရောက်သွားစေသလိုမျိုး ခံစားချက်ကိုပေးတယ်...
ဒါကြောင့် ကလျာ ..နင်လူတစ်ယောက်ကို ဘယ်တော့မှ မချစ်မိပါစေနဲ့ ...
ချစ်မိတဲ့တစ်နေ့ဟာ နင့်အတွက် ငရဲခန်းပွင့်မယ့်နေ့ပဲကလျာ....
ငါပြောတာ ကြားလား ကလျာ...”

“အွန်း..စိတ်ချ ငါဘယ်တော့မှ မချစ်မိစေရဘူး ငါကတိပေးတယ် ...”
သူငယ်ချင်းဖြစ်သူ“မိုး”၏ချစ်ခြင်းအပေါ်ဖွင့်ဆိုချက်က “ငရဲခန်း”တဲ့လား
တစ်ချို့လူတွေက “ချိုမြိန်ခြင်းတွေ” “သာယာကြည်နူးခြင်းတွေ”နဲ့ “နတ်ပြည်တမျှ”ခိုင်းနှိုင်းတင်စားကြတယ် နင်ကတော့ အချစ်ကို ‘ငရဲခန်း’တဲ့လား...
အချစ်ဆိုတဲ့ အရာက နင့်ကို ဒီလောက်ထိတောင် ပူလောင်နာကျင်စေခဲ့တာလား ...မိုး

အချစ်က ကျွန်မအတွက် ‘ငရဲခန်း’
Crd to photo

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now