Closer

90 7 0
                                    

"ဒါနဲ့မိုး...မနေ့က ငါတို့တွေ့ခဲ့တာ ဆရာမသား ဟိုခပ်ချောချောလေးလေ...
အံ့ဩစရာပဲ သူက ဘုန်းမြင့်မြတ်သူငယ်ချင်းတဲ့..တိုက်ဆိုင်ချက်ကတော့ လွန်လွန်းတယ်
ဘုန်းမြတ်သူငယ်ချင်းဆိုတော့ သူ့လိုပဲ ရည်းစားသက်စေ့ထားတဲ့ စရိုက်တူသူငယ်ချင်းပဲလား မသိဘူး..."

ယခုမှ ကလျာ၏ပြောစကားများကြောင့် ကျွန်မချက်ချင်းပင် မျက်လုံးများ ပြူးသွားရသည်..

"ဟမ်..အဲ့ကောင်လေးက ဟိုတစ်ခါငါတို့အခန်းကိုလာခဲ့တဲ့ ဆရာမသား..ဟုတ်လား ကလျာ...
နင့်ဟာက သေချာလို့လား..."

"နင်မသိဘူးလား မိုး...ငါသေချာတယ် အဲ့ကောင်လေးပါဆိုတာ.."

"အံမယ်..အံမယ်...မိကလျာမ ပြောတော့ဖြင့် ဘယ်ကောင်လေးကိုမှ စိတ်မဝင်စားပါဘူးဆို...
အခုတော့ ဒီကောင်လေးကိုကျတော့ စေ့စေ့ကိုကြည့်ရောပါလား..."

"နင်နော် ...ငါ့ကို လာစမနေနဲ့..."

"မဟုတ်လို့လား ...နင်သာ သူ့ကိုစိတ်မဝင်စားရင် ဘယ်ကြည့်ပါ့မလဲ ..ခုဟာက နင်က စေ့စေ့ကြည့်ထားလို့သာ မှတ်မိနေတာပေါ့ ငါတောင် မမှတ်မိတဲ့ဟာကို..."

"အံမယ် ..နင့်ဟာနင်မမှတ်မိတာနဲ့ ငါက စေ့စေ့ကြည့်ရတယ်ဖြစ်ရချည်သေး မိမိုးရေ..."

"ကလျာ...ငါအခုအတည်ပြောမယ်
တကယ်လို့ နင်တစ်ယောက်ယောက်ကို ချစ်မိခဲ့ရင် ငါ့ကို အရင်ပြောပြပါလို့ ပြောချင်တယ်
ငါနင့်အချစ်ရေးကို ငါ့လိုမဖြစ်စေချင်လို့ပါ ဖြစ်နိုင်ရင် တစ်ဖက်သတ်ချစ်ခြင်းမျိုးတွေကို နင်ရှောင်ကွင်းသွားလိုက်ပါ ကလျာ...
သိပ်နာကျင်ရလို့ပါ ပိုင်ရှင်မသိနိုင် မမြင်နိုင်တဲ့ ကြေကွဲခံနှလုံးသားတွေမို့ပါ..သေချာပေါက် နင်အဲ့လိုဒုက္ခနွံထဲ နင်ကျသွားလို့ မဖြစ်ဘူးနော်..
ငါကတော့ ခုထိလွတ်အောင် ရုန်းနေရတုန်းပါပဲ..ပင်ပန်းတယ် ချစ်နေရတာကိုက ...."

"ကံကြမ္မာကို ငါလည်း မသိနိုင်ဘူး မိုး...
တစ်ဖက်သတ်နာကျင်ခံရဖို့ ကံတရားပါလာရင်ကော ငါဘာတတ်နိုင်မှာလဲ မိုး...
ငါတို့အားလုံးရဲ့နှလုံးသားတွေကို ကံစီမံရာအတိုင်း ပုံအပ်ထားကြရတာပဲ မဟုတ်ဘူးလား
ကိုယ့်အပေါ်ကောင်းတဲ့သူကိုပဲ ရွေးချစ်ပါလို့လည်း ငါတို့နှလုံးသားကို ငါတို့ကိုယ်တိုင်တောင် အမိန့်ပေးလို့ရလို့လား မိုး...
အရင်နေ့က ငါကတိစကားပေးခဲ့တာက နင်ခံစားနေရတာတွေ သက်သာစေဖို့ပါ
ငါ့စကားတစ်ခွန်းကြောင့် နင်နည်းနည်းပဲ ဖြစ်ဖြစ် စိတ်သက်သာရာ ရစေချင်ခဲ့လို့ပါ...
အပျော်အပျက်အနေနဲ့ လုပ်ခဲ့တယ်လို့လည်း နင့်ကို ငါမတွေးစေချင်ဘူး ..."

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now