Part 10

131 11 0
                                    

နာရီလက်တံတွေ တရွေ့ရွေ့သာ လှုပ်ရှားနေကြရင်း စာသင်ချိန်တွေသာ တစ်ချိန်ပြီးတစ်ချိန်ပြောင်းလဲသွားခဲ့တယ် ကျွန်မရဲ့စိတ်အာရုံတွေကတော့ လွင့်ပါးမြဲ လွင့်မြဲ...
ထိုသူ့ဆီသာ တစ်ဝဲလည်လည်....
ကျွန်မအဖြစ်က ချစ်ခြင်းကနေ စွဲလမ်းခြင်းဆီသို့တောင် ကူးပြောင်းနေပါရော့လား...
တစ်နေ့တစ်နေ့သူ့အကြောင်း မစဉ်းစားဘဲ မနေနိုင်လောက်အောင် ကျွန်မစွဲလမ်းရူးသွပ်နေမိပါလား...
ထိုသူသာ သိရင် ကျွန်မကို လက်ညိုးထိုးလှောင်ရယ်လေမလား....
ဒီလိုတစ်ဖက်သတ်အတွေးတွေနဲ့ပူလောင်နေရတာတွေကို ကျွန်မမုန်းလှပြီ
မချစ်တတ်တဲ့သူ့ကိုမှ ချစ်မိခဲ့တဲ့ကျွန်မကိုယ်ကျွန်မလည်း မုန်းမိပါရဲ့ ဘာဖြစ်လို့များ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ပြန်ချစ်လာဖို့ဆိုတာ ဒီလောက်တောင်များ ခက်ခဲနေရတာလဲ ဘာလို့လဲ....

တစ်နေ့ထက်တစ်နေ့ သူဆိုတဲ့မီးစ လိှုက်စားလောင်ကျွမ်းမှုတွေကြောင့် ကျွန်မစိတ်အစဥ်လည်း တစ်စတစ်စနဲ့သောကမီးတွေနဲ့ လောင်ကျွမ်းပူမြိုက်နေရပြီ....
ဘုန်းမြတ်...နင်တကယ်ဘဲ ငါ့ကို ဘယ်လိုနည်းတွေနဲ့များ ညို့ယူဖမ်းစားထားသလဲ ....
အောက်လမ်းနည်း‌ေတာင်သုံးစရာမလိုအောင် နင့်အပေါ်မှာ ထာဝစဉ်ယိမ်းယိုင်နေမိတဲ့ ငါ့စိတ်အစဉ်ကို ငါဘယ်လိုများ ထိန်းချုပ်သိမ်းဆည်းထားရမလဲ နင့်အရှေ့မှာ မဖော်ပြမိအောင်....

နာကျင်တယ် နင့်ကို ချစ်နေရတဲ့ ငါက ညတိုင်းနေ့တိုင်း တစ်ဖက်သတ်နာကျင်နေရတယ်
နာကျင်တယ် ငါမဟုတ်တဲ့ တခြားကောင်မလေးတွေနဲ့တွဲသွားတိုင်း
နာကျင်တယ် နင့်ပါးပြင်ထက်က အပြုံးလှလှလေးတွေက ငါ့အတွက် မဟုတ်ခဲ့လို့
နာကျင်တယ် ငါချစ်ခဲ့တာ တစ်ဘဝစာပေမဲ့ နင်ကတော့ ငါ့ကို အပျော်ကစားရက်ခဲ့လို့
နာကျင်တယ် စချစ်ခဲ့ရတာ ငါပါ ဒါပေမဲ့ အဆုံးသတ်မှာ ဆက်ပြီးချစ်နေရတဲ့သူကလည်း နင်မဟုတ်ဘဲ ငါပဲဖြစ်နေခဲ့လို့
နာကျင်တယ် ငါ့ရဲ့ဒီလိုခံစားချက်တွေကို နင်မသိလို့
နာကျင်တယ် ငါ့အပေါ်ထားတဲ့ နင့်ရဲ့ချစ်ခြင်းဆိုတဲ့အရာတွေက အမှိုက်တစ်ခုလို အပေါစားဆန်နေခဲ့လို့ ငါမျှော်လင့်ခဲ့တာ ခဏတာအပျော်အတွက် မဟုတ်ခဲ့ပါဘူး တစ်ဘဝစာအတွက် ရည်ရွယ်ပြီးတော့ပါ
နင်ရည်ရွယ်သူဟာ ငါမဟုတ်ပေမဲ့ ငါပျော်ပေးနိုင်ပါတယ် နင်ပျော်ဖို့အတွက်
ချစ်တယ်ဆိုတာထက် ပိုလေးနက်တဲ့ စောင့်မျှော်ခြင်းတွေ၊အရိပ်တကြည့်ကြည့်ရှိနေခဲ့ခြင်းတွေက နင့်အတွက်ငါ့ရဲ့ချစ်ခြင်းသက်သေတွေပါ မင်းကလွဲပြီး ငါတခြားဘယ်သူ့ကိုမှ စေ့စေ့ငေးကြည့်မနေခဲ့ဖူးဘူး
မင်းကလွဲပြီး ငါဘယ်သူ့ကိုမှလည်း နှစ်တွေကြာအောင် စောင့်မနေခဲ့ဖူးဘူး
နှစ်ချို့နေတဲ့ ငါ့အချစ်တွေက မင်းသောက်နေကျ စပျစ်ဝိုင်တွေလို သာယာယစ်မူးဖွယ်ကောင်းမနေပါဘူး
မျက်ရည်တွေ၊နာကျင်မှုတွေ၊မျှော်လင့်စောင့်စားခြင်းတွေနဲ့ဖျော်စပ်ထားတဲ့ မင်းအတွက် ငါ့ရဲ့နှလုံးသားဝိုင်ကတော့ ခါးသီးခြင်းတွေအပြည့်နဲ့ပြင်းရှရှအရသာကိုပဲ ပိုင်ဆိုင်ထားတယ်
ဒါကြောင့် ချိုမြိန်ယစ်မူးဖွယ် နှလုံးသားဝိုင်အဖြစ် ငါ့ကို ငါချစ်ခဲ့သလောက် မင်းမချစ်ပေးနိုင်ခဲ့ရင်လည်း ငါ့ကို မလိမ်ဘဲနဲ့ မင်းရဲ့စိတ်ရင်းနည်းနည်းလေးနဲ့လောက်ပဲ ဖြစ်ဖြစ် ငါ့ကို ချစ်ပေးပါ ဂရုစိုက်ပေးပါ ငါမင်းအတွက် ချိုမြိန်တဲ့ ဝိုင်တစ်ခွက်ဖြစ်ပေးပါ့မယ်

                                                                       မိုး

မင်းသိလား ငါ့မျက်လုံးအိမ်က မျက်ရည်တွေဟာ မင်းကြောင့်ဆိုတာ
မင်းသိလား မိုးရာသီလို လူတွေကို ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးမယ့်သူလို့အဓိပ္ပာယ်ကောက်ပြီး အဖေပေးခဲ့တဲ့ ငါ့နာမည်လေးဟာလည်း  မင်းနဲ့ကျမှ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းလို့ မျက်ရည်မိုးတွေပဲ အမြဲသွန်းဖြိုးရွာကျနေရတယ်ဆိုတာ

ဒီနေ့တော့ မိုးရဲ့ရင်တွင်းဖြစ်ခံစားချက်လေးတွေကို ရေးဖွဲ့ခဲ့ပါတယ် ဒဏ်ရာတွေ သက်သာပါစေတော့ မိုးရယ်
  

ကိုယ့်နာမည်က ဆုမြတ်ရနံ့ပါ အပြင်မှာ ကိုယ့်ရဲ့တကယ်နာမည်လေးပါ ကလောင်ကို ပထမက လွမ်းတေးသီလို့ ပေးမလို့ ဒါပေမဲ့ အဒေါ်ပေးထားတဲ့ ဒီနာမည်လေးကိုလည်း မှေးမှိန်မသွားစေချင်လို့ နာမည်နှစ်မျိုးသုံးမယ်နော်

အဲ့တော့ ကိုယ့်ကလောင်အမည်က ဆုမြတ်ရနံ့နဲ့လွမ်းတေးသီပါ ဘယ်လိုလဲ လှတယ်မလား နာမည်လေး
လွမ်းတေးသီလို့ ဘာလို့ပေးဖြစ်လဲဆိုတော့ ကိုယ်ဒီဝတ္ထုစရေးကတည်းက ကိုယ့်ကိုကိုယ်သတိထားမိတယ် ကိုယ့်ရင်ထဲမှာ အလွမ်းတွေချည်းစုအောင်းနေတော့ စကားပြောခန်းသိပ်မရေးမိဘဲ မင်းသမီးရဲ့တစ်ဖက်သတ်ခံစားချက်တွေကိုပဲ အသားပေးရေးမိတဲ့အကြောင်းတွေပေါ့ ဒါကြောင့် အလွမ်းတွေကို တေးသီးနေရသလိုမျိုးမို့ လွမ်းတေးသီလို့ ပေးလိုက်ရတာပါ ကိုယ်တကယ်ဖြစ်ချင်တာက အဆိုတော်ပါ လေ့လည်း လေ့ကျင့်နေပါတယ် စာရေးတာက ဒုတိယပေါ့ ဘာလို့စာရေးဖြစ်လဲဆိုတော့ စာအုပ်တွေဖတ်ရင်းနဲ့မှ ငါဘယ်လိုဇာတ်လမ်းမျိုးလေးဖတ်လိုက်ချင်တာ ဘာညာနဲ့ဆိုပြီး ကိုယ်ဖတ်ချင်တဲ့ ဇာတ်လမ်းမျိုးကလည်း မတွေ့ဆိုတော့  ၊ကိုယ့်ဘာသာ စိက်ကူးထဲမှာ ဇာတ်လမ်းရေးပစ်ပြန်ရော အင်း အဲ့တာနဲ့ စိတ်ကူးပြီး ဒီတိုင်းထားလိုက်ရမှာ နှမြောစရာကြီးလို့ အချိန်တွေကို
ဒါကြောင့် ကိုယ်စိတ်ကူးယဉ်သမျှ ဝတ္ထုလုပ်ရေးဖို့ စိတ်ကူးရလာတာပဲ

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now