Red ear,nose,cheek.He looks so cute for me and I don't know why???

76 5 2
                                    

အသားဖြူသူမို့ထင်ပါရဲ့ နီရဲနေသော ထိုကောင်လေးရဲ့နားရွက် ထိုမှတစ်ဆင့် နီရဲနေပြန်သော ပါးပြင်ချောချော လေးနှစ်ဖက် ထိုမှတစ်ဆင့် ချစ်စရာကောင်းလှစွာ ထိပ်နီနေသော နှာတံချွန်ချွန်လေးနှင့် ချွေးစများသီကျနေသော မေးစေ့ချွန်ချွန်လေးအထိ ကျွန်မညို့ယူခံလိုက်ရသလိုမျိုးကို ငေးမောစွာ ကြည့်နေမိပါသည်...

မျက်နှာတစ်ခုလုံးရဲရဲတောက်နေသော သူ့ပုံစံကိုကြည့်ရသည်မှာ အစပ်စားနိုင်သည်ဟု မထင်
အစပ်မစားနိုင်ပါဘဲနှင့် ငရုတ်သီးများကို ဤမျှအထိထည့်စားနေသော ထိုသူ့ကိုကြည့်ရင်း ကိုယ်ပဲ ဆရာလုပ်၍မစားနိုင်ရင် မစားနဲ့တော့လို့ ပြောလိုက်ရမလိုလို မသိချင်ယောင်ဆောင်ပြီး ကိုယ့်ဟာကိုယ်ဆက်စားနေရမလိုလို ရေဘူးပဲ ယူပေးရတော့မလိုလိုနဲ့ တစ်ယောက်ထဲ လမ်းတွေပျောက်နေသော ကျွန်မပါပဲ

သူစိမ်းတစ်ယောက်ကို ကိုယ်က စ၍စိုးရိမ်ပူပန်ပေးနေရသည်မှာလည်း overဖြစ်လွန်းသည်ဟုထင်သည် ကိုယ်နှင့်လည်း မရင်းနှီးဘဲနှင့်သွား၍  ဆရာကြီးလုပ်ပြီး ပြောလိုက်မိရင် attentionလိုချင်၍ဝင်‌ေရာသည်ဟု ထင်သွားနိုင်လေသည် ပြီးတော့ကိုယ့်imageကိုလည်း ကျစေနိုင်လေသည်
အကောင်းဆုံးကတော့ ကိုယ်နှင့်မဆိုင်လျှင် ကလိုင်ဝင်မခေါက်သင့်တာပဲ....

ထိုသို့တွေးလိုက်ပြီး မိမိမျက်စိရှေ့မှ အာပူလျှာပူကိုသာ ပြန်၍အာရုံစိုက်စားနေလိုက်တော့သည် ...
ဟုတ်တယ်လေ ဒါငါ့ကိစ္စမှ မဟုတ်တာကို
မယောင်ရာ ဆီလူးမနေပါဘူး
ချောတာနဲ့ဇွတ်ရော ဖောရောရောတတ်တဲ့အထဲမှာ ငါမပါဘူး ငါက ဒီတိုင်းချောတဲ့မျက်နှာလေး‌ေတွကိုပဲ ငေးကြည့်တာ အိန္ဒြေမဲ့ ငမ်းငမ်းတက်လိုချင်နေတဲ့အထဲမှာ ငါမပါဘူး ငါအဲ့လောက်ထိလည်း အိန္ဒြေသိက္ခာမမဲ့ဘူး
ကိုယ့်အတွေးနှင့်ကိုယ်ခေါင်းတညိတ်ညိတ်လုပ်ရင်း ..
ဘေးကလူမြင်ရင်တော့ ကျွန်မကို ပုတ်သင်ညိုဝင်စားသလား အောက်မေ့သွားနိုင်ပါသည်
ထင်လည်း ထင်ချင်စရာကိုနော့ ကျွန်မပုံစံက....

“ဟို ရေလေးပါသလားမသိဘူး ကျွန်တော်အရမ်းစပ်နေလို့ပါ ရေလည်း မပါလာလို့ပါ....”

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now