I want to say you "You're so beautiful ❤️❤️❤️" even you are a boy

113 6 1
                                    

"သား...."

ဟမ် ဘာကြီးလဲ ဆရာမဘယ်သူ့ကို သားလို့ခေါ်နေတာလဲ
အတွေးများနှင့် ရှုပ်ယှက်ခတ်နေတုန်း ဆရာမ၏ခြေလှမ်းများသည် ကျွန်မတို့အတန်းကို ကျော်လွန်ပြီးသွားချေပြီ

ထိုခြေလှမ်းများရဲ့ ဦးတည်ရာကတော့ ကျွန်မငေးကြည့်မိခဲ့သော သူတစ်ယောက်၏ရပ်တည်ရာတစ်နေရာသို့....

WTF.....သူက ဆရာမရဲ့သားလား....
ကျွန်မတစ်ယောက်ထဲ မျက်လုံးပြူ းမျက်ဆံပြူးဖြစ်သွားရသည်ဟု မထင်လိုက်ပါနှင့်
ကျွန်မနှင့်အဖော်တူ မိကလျာမပါ မျက်လုံးပြူးသွားရသည်

ဆရာမကို နောက်မှာထားပြီး ဆရာမသားကိုမှ သွားကြောင်နေမိကြသည့် မိမိတို့ဖြစ်အင်ကို နှိုင်းပြစရာစကားလုံးများပင် ပျောက်ရှနေမိသည်
လူမသိသော်လည်း မိမိတို့ဘာသာကြိတ်အရှက်ကွဲနေမိသည်
"ယိုသူမရှက် မြင်သူရှက်"ဆိုသလိုမျိုး မိမိဘာသာယိုပြီး မိမိဘာသာပြန်ရှက်နေရသည့်အဖြစ်ပင်

"ငါ့သားလေး ဘယ်တုန်းကတည်းက ရောက်နေတာလဲ အမေ့ကို လှမ်းဖုန်းဆက်လိုက်တာ မဟုတ်ဘူး..."

"သားmajorနဲ့နီးနီးလေးပဲမို့ လှမ်းမဆက်လိုက်တော့တာ ပါမေမေရ
မဟုတ်ရင် သားမေမေစာအသင်ပျက်သွားမှာ စိုးလို့...."

"ဟွန့်...အခုကျတော့ရော စာသင်မပျက်တာကြနေတာပဲ..."ဟု ကျွန်မ၏ စိတ်အတွင်း တီးတိုးရွတ်ဆိုလိုက်သံကို မည်သူမှ ကြားလိုက်မည်မဟုတ်....

သားအမိနှစ်ယောက်၏ ချစ်ကြည်နူး တစ်တီတူးနေကြသည့်စကားများကို ကျွန်မတို့ တစ်ခန်းလုံးအတိုင်းသားကြားနေရပါသည်
ကြားဆို ဆရာမနဲ့ဆရာမသား ဘာတွေပြောနေကြတာလဲဆိုပြီး စပ်စုချင်ဇောဖြင့် တစ်ခန်းလုံးအသံတိတ်နားစွင့်နေကြသောကြောင့်ပင် ဖြစ်ပါတော့သည်

သာမန်အချိန်များဆိုလျှင် ဆရာမငေါက်လျှင်တောင် လုံးဝဥဿုံ တိတ်ကျမသွားတတ်သည့် အသံလေလှိုင်းကြီးတို့သည် အခုအခါတွင်တော့ ဆရာမသားမျက်နှာကြောင့် ငြိမ်သက်လျှက် ရှိနေတော့သည်
ဤတွင် ကျွန်မတို့လို အငမ်းတစ်လိုင်းနှင့်မစပ်စုတစ်လိုင်းတို့၏ စည်းလုံးညီညွှတ်ကြပုံကို တွေ့မြင်နိုင်ပါသည်
ဤသည်မှာ သမိုင်းဝင်အပ်ပေသော နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ကြရမည် မဟုတ်ပါတကား....

အဖြူရောင်ချစ်ခြင်းမှ အစတည်၍Where stories live. Discover now