ရည်းစားဟောင်းအိမ်တစ်ခေါက် အလည်ရောက်

11.6K 980 25
                                    

ထယ်ယောင်းက luggage တစ်လုံးနဲ့ ရည်းစားဟောင်းကြီးရဲ့အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ ။ မတွေ့ချင်တဲ့ ဂျွန်ဂျောင်ဂုကို မတွေ့ရတော့လည်း စိတ်ထဲတစ်မျိုးကြီး။

"မီယောင်းအာဂျုမား.. ဂျောင်ဂုရော"

မအောင့်နိုင်တော့တဲ့အဆုံး ခရီးရောက်မဆိုက် ထယ်ယောင်းက မေးလိုက်ပါတယ် ။ တွေ့ချင်လို့လုံးဝမဟုတ်ပါဘူး။ ရှောင်ဖို့ ရှောင်ဖို့ ။
ရန်သူရဲ့တည်နေရာကိုသိမှ ရှောင်လို့ရှားလို့စားလို့သောက်လို့ရမှာအဟုတ်။
မွေးကတည်းက စူးရောက်နေတဲ့ ဂျီးနီးယပ်စ်ဘရိန်းကြီးကို ထည့်ပေးလိုက်တဲ့ Jesus ကိုလည်းကျေးဇူးတင်တယ်။ သူ့လိုရူပါရော အမူအယာရောပါ Perfectဖြစ်နေအောင်ဖန်ဆင်းဖို့ဆို တော်တော်အချိန်ယူခဲ့ရရှာမှာ။

"ဂျောင်ဂုကီ က နာအွန်းလေးကိုအိမ်ပြန်လိုက်ပို့တယ်ကွဲ့ ။ စာအတူတူစုလုပ်ကြရင်းနည်းနည်းနောက်ကျသွားတာ ထယ်ထယ်ရေ"

မီယောင်း အာဂျုမားက ဂျောင်ဂုအမေလို့ကိုထင်ရက်နိုင်စရာမရှိ။ အပြုံးချိုချိုလေးနဲ့ အမြဲအေးချမ်းနေတတ်တော့တာဖြစ်တယ်။
နေလုံးကြီးလို15000k Celsiusလောက်အမြဲပူလောင်နေတတ်တဲ့ဟိုတစ်ယောက်နဲ့များသားအမိလို့သစ္စာရေသောက်ကျိန်ပြရလောက်သည်။
အခုလည်း​​ကြည့်။ပြောရင်းဆိုရင်းနဲ့ သူ့အိတ်တွေကိုပါ ကူဆွဲပေးနေတာမို့ ထယ်ယောင်းမှာ အမြန်ပြန်လုလိုက်ရတယ် ။

"အာ..ရပါတယ် အာဂျုမားကလည်း သားသယ်မှာပေါ့"

ဒါတွေက ဟိုအမဓာတ်လိုအပ်နေတဲ့ ဂျွန်ဂျောင်ဂုကြောင့်ဖြစ်ရတာ ။ ညမိုးတောင်ချုပ်နေပြီကို အိမ်မှာအသင့်စောင့်နေပြီးဧည့်သည်ကိုကြိုသင့်တယ် ။ဒါကြီးကလုံးဝမဖြစ်သင့်ဘူးလေ။
ဘယ်လိုပဲ ရည်းစားဟောင်းတွေဆိုဆို ထယ်ယောင်းက အခုချိန်မှာ ဂျွန်အိမ်ရဲ့ အထူးဧည့်သည်တော်။

ဂျွန်ဂျောင်ဂုဟာ နည်းနည်းမှ လူမှုရေးမသိတတ်ပါ။ စာရိတ္တလည်းမရှိ ပြည်သူ့နီတိလည်းမ​ကြည့်တဲ့ကောင်။ ဒါနဲ့များအတန်းထဲမှာ Roll 1ရနေသေးတယ်။ အံ့သြလွန်းလို့ သုံးထပ်သားကင်ကိုဆိုဂျူလေးနဲ့ပဲသွားသောက်လိုက်ချင်တယ်။

We're Ex-boyfriends [Edited Version]Where stories live. Discover now