ရည်းစားဟောင်းကောင်းမှု အကြောင်းပြု

8.6K 766 78
                                    

အပူအိုးဆိုင်တွင်ဖြစ်တယ်။ ကင်မ်ထယ်ဟာအပူအိုးစားရတာကိုကြိုက်တယ်။ Hot pot မဟုတ်ဘဲအအေးအိုးဖြစ်နေရင်တောင် စားစရာဆိုတဲ့ဖြစ်တည်မှုနဲ့တင် သူသဘောကျပေးလို့ရတယ်။ဒါက စားစရာတွေပေါ်မှာထားတတ်တဲ့ သူ့ရဲ့မဟာဂရုဏာလေး။

"ထယ်ထယ်.. ဟိုမှာမင်းကိုပစ်သွားတဲ့ဟိုက်ပါကောင်မဟုတ်လား"

သုံးထပ်သားတွေအပီအပြင်သွပ်နေတဲ့ ထယ်ယောင်းကို ဂျီမင်းဟာ တံတောင်တွတ်ပြီး မေးငေါ့ပြလိုက်တယ်။ နာရီအကန့်သတ်နဲ့မို့သူတို့မှာ စားနိုင်သမျှစားကြရင်းမအားနိုင်မလပ်နိုင်။
သူလှမ်းကြည့်လိုက်တော့ မျက်နှာချင်းဆိုင်က စာရေးကိရိယာဆိုင်ကိုဝင်သွားတဲ့ ဂျွန်ဂျောင်ဂု။ Extraအနေနဲ့ဘေးနားက သူ့ရည်းစားဆိုတဲ့ကောင်မလေးတောင်ပါသေးတယ်။

နောက်တစ်ယောက်တွဲမယ်ဆိုလည်း သူ့ထက်ရူပါရေလည်fineနေတဲ့သူကိုရှာတာမဟုတ်။အခုတော့ ဂျစ်ပစီလိုလို လမ်းဘေးသရဲလိုလိုနဲ့။
ဒါကြီးကလေ သူရဲ့ကြယ်ငါးပွင့်အဆင့်ရှိဒီမျက်နှာချောချောလေးကို အိုးမဲနဲ့မီး​သွေး​ရောပြီး အသုတ်ခံလိုက်ရသလိုပဲ။

"ဟေ့ကောင်.. မင်းဘဲကြီးမမိုက်ပါဘူးကွာ"

ကင်မ်ထယ်က ကင်းမွန်ကိုseafood sauceထဲနစ်နေရင်းကနေ ဂျီမင်းဆီမျက်လုံးလေးလှန်ကြည့်လိုက်ရတယ်။

"ဘာကိုမင်းဘဲလဲ။ ငါမွေးမြူရေးလုပ်နေတာမဟုတ်ဘူး..ဘဲချီးစော်နံတယ်"

တွေးကြည့်တော့လည်း ဂျွန်ဂျောင်ဂုချိုးသွားတဲ့အချိုးက၂း၃လား ၃း၅လားဘာအချိုးလဲအဖြေမပေါ်။
မနေ့ညက လူကိုသေမလိုနမ်းပြီး အခုတော့ဖြင့် ကောင်မလေးတစ်ယောက်နဲ့ Mall ထဲရောက်နေပြန်ပါတယ်။ဂျွန်ဂျောင်ဂုလိုလူမျိူးက ကျောင်းချိန်ကြီးလစ်တတ်လာပြီတဲ့။ မျက်လုံးရှိလို့သာသူယုံလိုက်ရတယ်။

ဂျွန်ဂျောင်ဂုဟာလေ
တြိဂံကြီးမြင်ရက်နဲ့တြိဂံဖြစ်ကြောင်းသက်သေတွေဇွတ်ပြခိုင်းနေတဲ့ကျောင်းကတီချယ့်လိုပဲ။ နားလည်ရတော်တော်ခတ်တယ်။
သူနဲ့တွဲ​နေတဲ့အချိန်တုန်းကတော့ ဒင်းကြောင့် ယွန်းဂီတို့ကျောင်းလစ်တာတောင် အတန်းထဲမှာခိုးအိပ်ပြီးကျန်ရစ်ခဲ့ရတဲ့နေ့ရက်တွေရေတွက်တောင်မရ။
အခုနောက်တစ်ယောက်နဲ့တွဲတော့မှ ကျောင်းတောင်အတူတူလိုက်လစ်ပေးတယ်တဲ့လား။
ဒါကြီးကလုံးဝ လုံးဝကြီးသောက်ကျိုးနည်းလွန်းတယ်။

We're Ex-boyfriends [Edited Version]Where stories live. Discover now