ရည်းစားဟောင်းပေးတဲ့Candy Kiss

9.4K 791 113
                                    

ထယ်ယောင်းပြန်လာကတည်းက အခန်းအောင်းနေတာ။ နေ့လည်စာလည်းထွက်မစားဖြစ်ဘူး။ ညစာကျတော့ နည်းနည်းဗိုက်ဆာလာတာမို့ ရေမိုးချိူးပြီး အောက်ထပ်ကိုဆင်းဖို့ပြင်ရတယ်။ ဂျွန်ဂျောင်ဂုနဲ့အခန်းမမျှရတဲ့ခံစားချက်က သိပ်ကောင်းရှယ်ကောင်း ထာဝစဥ်ကောင်းသောပါပဲ။အကုသိုလ်လည်းမပွားရတော့သလိုသူလည်း ဆဲစရာမလိုတော့ဘူး။

"ထယ်ထယ် နိုးလာပြီလား..နေရတာဘယ်လိုနေလဲ"

မီယောင်းအာဂျုမားက အပြုံးချိုချိုလေးနဲ့ ဧည့်ခန်းထဲကနေလှမ်းမေးတယ် ။ အာဂျုရှီးကလည်း စာအုပ်ဖတ်နေရင်းကနေလှမ်းကြည့်နေတာမို့ ထယ်ယောင်းဟာ မီးဖိုခန်းဘက်လှမ်းနေတဲ့ခြေလှမ်းတွေကိုရပ်ပြီး ဧည့်ခန်းထဲမှာဝင်ထိုင်လိုက်ပါတယ်။ လူမှုရေးဆိုတာဒါပဲ။ သူ့လိုလိမ္မာယဥ်ကျေးတဲ့ အရိုးခံအမျိုးမှန် အဖိုးတန်လေးက။
'လူမှုရေး'ကို စာလုံးပေါင်းတတ်ရုံလောက်ပဲသိတဲ့ မီယောင်းအာဂျုမားရဲ့သားလိုလူနဲ့တော့ကွာတာပေါ့။

"သားနေကောင်းပါတယ်"

"မသိပါဘူးကွယ်.. ဂျောင်ဂုကီပေါ့ ထယ်ထယ်နေမကောင်းလို့ အကိုက်အခဲပျောက်ဆေးသွားပေးဖို့တဂျီဂျီပြောနေတာလေ။
အာဂျုမားလည်း ထယ်ထယ် အိပ်နေတာနဲ့ ညနေစာစားပြီးမှပဲတိုက်လိုက်မယ်လို့ပြောလိုက်ရတယ်"

ထယ်ယောင်းမှာ အာဂျုမားစကားကြောင့်အထူးအဆန်း။ 'ဘယ်လိုဘယ်လို ဘယ်လိုပြောလိုက်တယ် ပြန်ပြောပါအုံး'လို့ပြောရအောင်ကျလည်း နည်းနည်းအိုဗာတင်းဆန်လွန်းသွားမှာစိုးရိမ်ရ။ ဒါဖြင့် ဘာကြောင့်ဂျွန်ဂျောင်ဂုက ဆေးတိုက်ချင်ရတာလဲ။ မန်ယူများထပ်ရှုံးလို့လား။

ဟာ..အပေါ်ယံတွေရယ်ပါ။ ထယ်​ယောင်းဘဝမှာအမုန်းဆုံးက အပေါ်ယံတွေပဲ။ အဲ့ဒါကြောင့်ကြက်အရေခွံတို့ ငါးအရေခွံတို့တောင်မစားဘူး။ ဝက်ခေါက်တော့စားတယ်။ဘာကြောင့်လဲလာမမေးနဲ့။ မေးခွန်းသတ်ရင် သင်္ချာဆရာကိုတောင်ချောင်းရိုက်လာတဲ့လူဆိုတာသိစေချင်တယ်။

"သားဘာမှမဖြစ်တော့ပါဘူး။ အာဂျုရှီးကဒီနေ့ပြန်လာတာစောတယ်နော်"

"ဟုတ်ပါ့.. ငါတို့ထယ်လေးအိမ်ရောက်နေတာကို တစ်ခါမှ မျက်နှာမပြရသေးလို့ဘယ်ဖြစ်မလဲ"

We're Ex-boyfriends [Edited Version]Where stories live. Discover now